ဒီဇယ်ဆီတန်ချိန် သုံးသောင်းလေးထောင်ကျော်တင်သွင်း စက်သုံးဆီဈေးကွက်အတွက် ပင်လယ်ရေကြောင်း ကုန်သွယ်မှုနဲ့ ပြည်တွင်း ကို ဒီဇယ်ဆီတွေ တင်သွင်းခဲ့ကြရာမှာ ဒီဇင်ဘာ ၆ ရက်မှ ၁၂ ရက်တာကာလ အတွင်း ဒီဇယ်ဆီပီပါ စုစုပေါင်း နှစ်သိန်းငါးသောင်းခြောက်ထောင်ကျော်၊ တန်ချိန် အားဖြင့် သုံးသောင်းလေးထောင်ကျော်ကို တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဒီဇယ်အဝင်မှာ တန်ချိန်နှစ်သောင်းရှစ်ထောင်ကျော်ရှိခဲ့တာမို့ ဒီတစ်ပတ်မှာ ဒီဇယ် အဝင်တန်ချိန် ငါးထောင့်ငါးရာကျော် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ MIRT-DOT ယခုအပတ်တာချီလိတ်မှ သဘာဝဓာတ်ငွေ့ရည် တင်သွင်းမှုပြန်ရှိလာ နိုဝင်ဘာလ ပထမပတ်က နောက်ဆုံးတင်သွင်းခဲ့ပြီး တင်သွင်းမှု ရပ်တန့်နေ တဲ့ သဘာဝဓာတ်ငွေ့ရည်ကို ဒီဇင်ဘာလ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်းမှာ တော့ ၁၂၄၄ဝ ကီလိုဂရမ် ကန်ဒေါ်လာ ၆၂၁၁ ကျော် တင်သွင်းနိုင်ခဲ့ပါတယ်။ ဓာတ်ဆီကိုတော့ တာချီလိတ်နဲ့ ကော့သောင်းနယ်စပ်တို့မှ ၆၉ဝ၃၁ ဂါလန်၊ ကန်ဒေါ်လာ ဝ ဒသမ ၁၆၇ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ ကော့သောင်းမှ ၁၅၅၇၅ ဂါလန်နဲ့ တာချီလိတ်မှ ၅၃၄၅၆ ဂါလန် တင်သွင်းခဲ့တာမို့ ယခင်အပတ်ကထက် ၁၅၂၃ဝ ဂါလန်ကျော် တင်သွင်းမှုပိုမိုခဲ့ပါတယ်။ ဒီဇယ်ဆီံကိုတော့ တာချီလိတ်နယ်စပ်စခန်းမှ ၁၃၁၃၆၈ ဂါလန်နဲ့ ကန်ပိုက်တီးမှ ၃၂ဝ၂၅ ဂါလန် စုစုပေါင်း ၁၆၃၃၉၃ ဂါလန် ကန်ဒေါ်လာ ဝ ဒသမ ၅၅ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ဒီဇယ်ဆီ ဂါလန် ၅၁ဝဝဝ နီးပါးတင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ လုပ်ငန်းရှင်လက်ဝယ်ရှိ လိုင်စင်ကျပြီး စက်သုံး ဆီများကိုသာ တင်သွင်းနေတဲ့အတွက် လျော့နည်းခဲ့တာလို့ သိရပါတယ်။ ကော့သောင်းမှာ ဓာတ်ဆီ ၁ ဂါလန် ၃၃ဝဝ ကျပ်ရှိပြီး တစ်ဖက်နိုင်ငံ ပေါက် ဈေးကတော့ ဘတ် ၁၁ဝ ( ၃ဒသမ ၇ဒေါ်လာ)ခန့် ရှိနေပါတယ်။ MIRT(DOBT) လက်လီအရောင်းအဝယ်ဈေး ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်- ဒီဇင်ဘာ ၂ဝ၁ဝ ဝယ်ဈေးဓာတ်ဆီ(ကျပ်) ဝယ်ဈေးဒီဇယ်(ကျပ်)ရက် ရန်ကုန် မန္တလေး ရန်ကုန် မန္တလေး၁၃ ၃၃ဝဝ ၃၄ဝဝ ၂၉ဝဝ ၃၃ဝဝ၁၄ ၃၃ဝဝ ၃၄ဝဝ ၂၉ဝဝ ၃၃ဝဝ၁၅ ၃၃ဝဝ ၃၄ဝဝ ၂၉ဝဝ ၃၃ဝဝ၁၆ ၃၃ဝဝ ၃၄ဝဝ ၂၉ဝဝ ၃၃ဝဝ၁၇ ၃၃ဝဝ ၃၄ဝဝ ၂၉ဝဝ ၃၃ဝဝMIRT-DOT
Background