တရုတ်ဘက်က အဝင်အားသာ ပင်လယ်ရေကြောင်းလမ်းကနေ ဒီဇင်ဘာ ၆ရက်မှ ၁၂ ရက်တာကာလ အတွင်း ဓာတ်မြေသြဇာတန်ချိန် ၁၉၇ဝ ဒသမ ၂ဝတန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄ဝ၂၈၅၈ ဖိုးကို တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ နိုင်ငံတွေကတော့ ထိုင်းနိုင်ငံဘက်မှ တန်ချိန် ၇၂ဝ၊ စင်ကာပူနိုင်ငံမှ ကွန်ပေါင်းဓာတ်မြေသြဇာတန်ချိန် ၁ဝဝ၊ တရုတ်နိုင်ငံဘက်မှ အမိုးနီးယမ်းဆာလဖိတ် ဓာတ်မြေသြဇာတန်ချိန် ၈၈ဝ နဲ့ ကိုရီးယားနိုင်ငံဘက်မှ အမိုးနီးယားဓာတ်မြေသြဇာတန်ချိန် ၂၇ဝ တို့ကို အသီးသီး တင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်မှာ ဓာတ်မြေသြဇာ အဝင်ပါးသွားခဲ့ပေမဲ့ ဒီတစ်ပတ်မှာ နယ်စပ်ကသာမက ပင်လယ်ရေကြောင်းကပါ တရုတ်နိုင်ငံဘက်ကမြေဆီတွေ အဝင်အားကောင်းကောင်းနဲ့ ပြန်လည်တင်သွင်းလာတာတွေ့ရပါတယ်။ MIRT (DOT) နယ်စပ်စခန်များမှ ဓာတ်မြေသြဇာတန်ချိန် ၈ဝဝဝ နီးပါးတင်သွင်း ဒီဇင်ဘာလ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း မူဆယ်၊ ကော့သောင်း၊ တာချီလိတ်နဲ့ ရိဒ်နယ်စပ်များမှ ဓာတ်မြေသြဇာ ၇၉၄ဝတန် ကန်ဒေါ်လာ ၁ဒသမ ၅၆ သန်း တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်၊ ရိဒ်၊ ကော့သောင်းနဲ့ တာချီလိတ် နယ်စပ်စခန်းများမှ ဓာတ်မြေသြဇာ ၁၂၆၆၆ တန် တင်သွင်းခဲ့တဲ့ အတွက် ယခုအပတ်မှာ တန်ချိန် ၄၇ဝဝ နီးပါး တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ ခရစ်စ္စမတ်နဲ့ နှစ်သစ်ကူးကာလ နီးကပ်လာပြီဖြစ်တဲ့အတွက် လိုင်စင်လက်ကျန်များ ကိုသာချိန်ပြီး သွင်းနေကြရခြင်း၊ ရိဒ်နယ်စပ်မှာတော့ တစ်ဖက်နိုင်ငံမှာ ပစ္စည်းအဝင် နည်းခြင်းတို့ကြောင့် တင်သွင်းမှု လျော့နည်းရခြင်းဖြစ်ပါတယ်။ MIRT(DOBT) ဈေးကွက်က ဈေးနှုန်း ပြည်တွင်းသုံး ဓာတ်မြေသြဇာအမျိုးမျိုး၏ ဒေသအသီးသီးရှိ ဈေးကွက်ပေါက် ဈေးများကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ် - တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) ယူရီးယား(တရုတ်)ရွှေတောင် ၂ဝ၃ဝဝ တီစူပါ(သံကွင်း-တရုတ်) ၂ဝ၅ဝဝ ပိုတက်(ကနေဒါ) ၂ဝ၅ဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်)ရွှေတောင် ၁၇၈ဝဝ ယူရီးယား(တရုတ်)ပန်းဖူး ၁၈၂ဝဝ တီစူပါGTSP 46% ၁၉၇ဝဝ တီစူပါGSSP 16% ၈၄ဝဝ တီစူပါGSSP 16% ၇၈ဝဝ ကွန်ပေါင်း(တရုတ်) 15:15:15 ၂၅၅ဝဝ အာမို(ဒိုင်းမွန်းစတား) ၄ဝဝဝဝတောင်ငူ ယူရီးယား-ပုလဲ(ယူအေအီး) ၁၈၅ဝဝ ယူရီးယား (ရွှေတောင်-တရုတ်) ၂ဝဝဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂ဝဝဝဝ ကုလားအုတ် (တရုတ်) ၂ဝဝဝဝတောင်ကြီး ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၁၉၃ဝဝ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၁၉ဝဝဝ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၁၉၅ဝဝ တီဆူပါ-(တရုတ်) 12% ၉ဝဝဝ တီဆူပါ-(တရုတ်) 16% ၉၅ဝဝ တီဆူပါ 15:15:15 (တရုတ်) ၃၅ဝဝဝ တီဆူပါ 10:10:5 (တရုတ်) ၁၃၄ဝဝ ပိုတက်(တရုတ်) ၁၂၇ဝဝ ဓာတ်ဆား (တရုတ်) ၂ဝ၅ဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၁၅ဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၁ဝဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၁ဝဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၄ဝ၅ဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၆၅ဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃၄ဝဝဝ တီစူပါ(တရုတ်)သံကွင်း ၄၆% ၂၂၅ဝဝ တီစူပါ(တရုတ်) မျှား ၄၆% ၂၂ဝဝဝ တီစူပါ(တရုတ်) မျှားကမ္ဘာ ၁၆% ၁၂ဝဝဝMIRT (MAPT)
Background