်ဘိလပ်မြေအသွင်း ပို ဒီဇင်ဘာ ၆ ရက်မှ ၁၂ ရက်တာကာလအတွင်း ဘိလပ်မြေတန်ချိန် ၂၇၁၂၄ ဒသမ ၉၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ဒသမ ၂၈ သန်းဖိုးကို ပင်လယ် ရေကြောင်းလမ်းကနေ တင်သွင်းလာပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံတွေကတော့ ထိုင်း နိုင်ငံဘက်မှ ဆင်တံဆိပ်ဘိလပ်မြေ၊ စိန်တံဆိပ်ဘိလပ်မြေ၊LION(RED) ဘိလပ် မြေ၊MOUNTAIN ဘိလပ်မြေ စတဲ့ဘိလပ်မြေမျိုးစုံ တန်ချိန် စုစုပေါင်း ၂၇၁၁၅ ဒသမ ၇ တန်နဲ့ သြစတြေးလျနိုင်ငံဘက်မှ ဘိလပ်မြေတန်ချိန် ၉ ဒသမ ၂၈ တန် ကို စမ်းသပ်တင်သွင်းလာတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် ဘိလပ်မြေ အဝင်မှာ တန်ချိန်ခြောက်ထောင်ကျော်ကျော်သာ အသွင်းရှိခဲ့တာကြောင့် ဒီတစ် ပတ်ဈေးကွက်အဝင်က တန်ချိန်နှစ်သောင်းကျော် ပိုမိုတင်သွင်းခဲ့ကာ ဈေးကွက် အတွင်း ဖြန့်ဖြူးမှုပိုမိုခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ မှန်မှန်ပဲ တင်သွင်းမှုရှိနေ ဒီဇင်ဘာ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီး၊ ကော့သောင်း၊ တာချီလိတ်နဲ့ မောင်တောနယ်စပ်စခန်းများမှ ဘိလပ်မြေ ၂၇၅၇ တန် ကျော် ကန်ဒေါ်လာ ဝ ဒသမ ၂၇၄ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က ဘိလပ်မြေ ၂၈၁ဝ တန်တင်သွင်းတယ်လို့ သိရပါတယ်။ တာချီလိတ် နယ်စပ်မှာတော့ ပွင့်လင်းရာသီဖြစ်တဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေများ ယခင် အပတ်ကထက် ၃၄၅ တန် ပိုမိုတင်သွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေဖြန့်ဈေးများမှာ အောက်ပါအတိုင်းဖြစ်ပါတယ် - တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၄၉၅ဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၈၅ဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၅ဝဝ ဘိလပ်မြေ(AAA) ၅၂ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၂ဝဝ ဘိလပ်မြေ(ွှTPI)ထိုင်း ၆၂ဝဝ ဘိလပ်မြေ(ဆင်မင်း) ၄၇ဝဝ ဘိလပ်မြေ(နှင်းတောင်) ၆၂ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅ဝဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၈ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝ ဘိလပ်မြေ(ူLucky)ပါကစ္စတန် ၆၄ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၉ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၆ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၆၅ဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၄၉၂၅ ဘိလပ်မြေ(စိန်)ထိုင်း ၅၈၅ဝ ဘိလပ်မြေ(မြင်းခေါင်း) ၄၃ဝဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၄ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝ ဘိလပ်မြေ(ဆင်မင်း)ကျောက်ဆည် ၅၈ဝဝMIRT (MAPT)
Background