နို့စိမ်းအဝင်ပါးနေ ပြည်တွင်းကို ပင်လယ်ရေကြောင်း လမ်းကနေ ဒီဇင်ဘာ ၆ရက်မှ၁၂ ရက် တာကာလအတွင်း နို့ဆီတန်ချိန် ၃ဝ၁ ဒသမ ၁၁၂ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၈၁၂၂၇ ဖိုးကို တင်သွင်းခဲ့ပါတယ်။ တင်သွင်းလာတဲ့ ကုန်သွယ်ဘက် နိုင်ငံကတော့ ဖောက်သည်စင်ကာပူ နိုင်ငံပဲဖြစ်ပါတယ်။ နို့စိမ်းကတော့ အဝင် မရှိခဲ့ပါဘူး၊ ယခင်သီတင်းပတ် နို့ဆီ အဝင်မှာ တန်ချိန် ၃၆၃ဒသမ ၆၃ တန် ရှိခဲ့တာမို့ ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန် ၆ဝ ကျော် လျော့နည်းပြီး တင် သွင်းလာတာ တွေ့ရပါတယ်။ နို့မှုန့်အဝင်ကတော့ နယူးဇီလန် နိုင်ငံဘက်မှ တန်ချိန် ၁၂၉ ဒသမ ၇၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄၃၁၈ဝ၁ဖိုးကိုတင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်နို့မှုန့်အဝင်က တန်ချိန် ၈၆ တန်ရှိခဲ့တာကြောင့် ဒီသီတင်းပတ် မှာ တန်ချိန် ၄၃ ဒသမ ၇၅ တန် ပိုမို တင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) နို့စိမ်းတင်သွင်းမှု နှစ်ဆကျော်ပိုမို ယခုအပတ်မှာ ကော့သောင်းနယ် စပ်မှ နို့စိမ်း ၁၈၁တန် (၉၅၅၃ကာတွန်း) တင်သွင်းခဲ့တဲ့အတွက် ယခင်အပတ်က တင်သွင်းမှုရဲ့ နှစ်ဆကျော် ပိုမိုတာ တွေ့ရပါတယ်။ ယခင်အပတ်က ၈၄ တန် (၄၄၃၇ ကာတွန်း) တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ကော့သောင်းမှာ နို့စိမ်း ၁ ကာတွန်းကို ၁၇ဝဝဝ ကျပ်နဲ့ ရနောင်း မှာ ဘတ် ၅ဝဝ ပေါက်တယ်လို့ သိရပါ တယ်။ နို့ဆီတင်သွင်းမှုကတော့ ၃ ဆခွဲ နီးပါးတင်သွင်းမှု လျော့နည်းတာ တွေ့ရပါတယ်။ ယခုအပတ်မှာ ၃၄ တန် (၁၇၆၆ကာတွန်း)ကန်ဒေါ်လာ ၂၈၂၅၆ ဖိုး တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခင် အပတ်က ကာတွန်း ၆၄ဝဝ နီးပါး တင် သွင်းခဲ့တာဖြစ်ပါတယ်။ တစ်ဖက်နိုင်ငံ ရောင်းလိုအား မိမိဘက် ဝယ်လိုအား အရ တင်သွင်းမှု လျော့ကျတာဖြစ်ပါ တယ်။ ယခုအပတ် မူဆယ်နယ်စပ်မှ နို့မှုန့် တင်သွင်းနိုင်ခြင်း မရှိပါဘူး။ MIRT(DOBT)
Background