လ ၃ဝ အတွင်း စားအုန်းဆီဈေး အမြင့်ဆုံးကို ရောက်လာ မလေးရှားနိုင်ငံရဲ့ သိုလှောင်ထားရှိမှု ပမာဏနဲ့ လာနီညာ ရာသီဥတု အခြေအနေများအရ ဒီဇင်ဘာလ ၁၄ ရက်စားအုန်းဆီဈေးဟာ လ ၃ဝ အတွင်း အမြင့်ဆုံးကိုရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလပို့ရမယ့် စားအုန်းဆီ ကြမ်း ဈေးနှုန်းဟာတစ်တန်ကို ရင်းဂစ် ၈၉ (ကန်ဒေါ်လာ ၂၈) မြင့်တက်ပြီး ရင်းဂစ် ၃၇၂၂ (ကန်ဒေါ်လာ ၁၁၈၅) ကို မြင့်တက်ခဲ့ပါတယ်။ မလေးရှားစားအုန်းဆီ ထုတ်လုပ်မှုဟာ အောက်တိုဘာလမှာ အများဆုံးထွက်ရှိပြီး တဲ့နောက် ကျန်တဲ့ ကာလတွေမှာ ထုတ်လုပ်မှုကျဆင်းလာတော့မှာဖြစ်ပေမဲ့လည်း လာမယ့်တရုတ်နှစ်ကူး ပိတ်ရက်များနဲ့ နှစ်ကုန်ပိုင်းပွဲတော်များကြောင့် ဝယ်လိုအားက ဆက်ရှိနေဦးမှာ ဖြစ်လို့ နောက်လ အနည်းငယ်မှာလည်း စားအုန်းဆီဈေး ခိုင်မာဦးမယ်လို့ လေ့လာ ဆန်းစစ်သူတွေက မျှော်လင့်နေကြပါတယ်။ နိုဝင်ဘာလ စားအုန်းဆီ သိုလှောင်မှုဟာ ယခင်နှစ်ကာလတူထက် ၁၅ ဒသမ ၄ ရာခိုင်နှုန်းလျော့ကျပြီး တန်ချိန် ၁ ဒသမ ၆၃ သန်းသာရှိတယ်လို့ သိရပါတယ်။ လာနီညာရာသီဥတု ဖြစ်စဉ်ကြောင့် စိုက်ပျိုးရာသီမှာ ထိခိုက်စေနိုင်ပြီး ၂ဝ၁၁ ခုနှစ် ပထမ ၃ လအတွင်းမှာ ဈေးနှုန်းမြင့်တက်နိုင်တယ်လို့ မလေးရှားနိုင်ငံ ရင်းနှီးမြူပ်နံှမှု ဘဏ်မှ လေ့လာဆန်းစစ်သူတစ်ဦးက ပြောကြားပါတယ်။ လာမယ့်နှစ်လယ်မှာ စားအုန်းဆီကြမ်း တစ်တန်ကို ရင်းဂစ် ၃ဝဝဝ မှ ၃၅ဝဝ (ကန်ဒေါ်လာ ၉၅၅ မှ ၁၁၁၄) ဝန်းကျင်မှာ ရှိနိုင်တယ်လို့လည်း ၎င်းကခန့်မှန်းထားပါတယ်။ မလေးရှားစားအုန်းဆီအဖွဲ့က ပြောကြားရာမှာ နိုဝင်ဘာလအတွင်း စားအုန်းဆီ ထုတ်လုပ်မှုဟာ တန်ချိန် ၁ ဒသမ ၄၅ သန်းရှိလို့ အောက်တိုဘာလ ထုတ်လုပ်မှုထက် ၁ဝ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းသလို ယခင်နှစ်ကာလတူ ထက်လည်း ၈ ဒသမ ၆ ရာခိုင်နှုန်း လျော့ကျတယ်လို့ ဆိုပါတယ်။ တင်ပို့မှုမှာလည်း ယခင်နှစ်ထက် ဝ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ယုဇုဇန၊ှသSources: palmoilhq.com
Background