Main menu

Background

နှမ်းတင်ပို့မှု ထက်ဝက်ကျော်လျော့ကျ

Sun, 12/19/2010 - 09:36 -- Anonymous (not verified)

 နှမ်းတင်ပို့မှု ထက်ဝက်ကျော်လျော့ကျ               မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ယခုအပတ်မှာ နှမ်းရောင်စုံ တင်ပို့မှုဟာ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင်ထက်ဝက်လျော့ကျသွားပါတယ်။ ယခင် အပတ်ကထက် တန် ၇ဝဝ ကျော်တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ်မှ နှမ်းဖြူ ၄၇၈ တန်၊ နှမ်းနက် ၄၅၅ တန်၊ နှမ်းအခွံချွတ် ၅၉ တန်နဲ့ ချင်း ရွှေဟော်မှ နှမ်းဖြူ  ၂၇ တန်ကျော် တင်ပို့နိုင်ခဲ့တဲ့အတွက် စုစုပေါင်းနှမ်းရောင်စုံ တန် ၁ဝဝဝ ကျော် ကန်ဒေါ်လာ ၁ ဒသမ ၄၃ သန်း နှမ်းတင်ပို့မှုမှ ရရှိခဲ့ပါတယ်။ တရုတ်ဘက် အဆွဲနည်းတဲ့အတွက် တင်ပို့မှုလျော့ကျတာလို့ သိရပါတယ်။နှမ်းဖြူ ဈေး မိမိဘက်မြေပြင်ဈေးကျနေသော်လည်း နှမ်းနက်ဈေးမှာမူ မြင့်တက်လျက် ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ်                                               မိမိဘက်(ကျပ်/တန်)                            တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                      ယခု               ယခင်      ပြောင်းလဲမှု     %          ယခု          ယခင်    ပြောင်းလဲမှု     %နှမ်းဖြူ          ၁၁၈၅၂ဝဝ      ၁၁၉၈ဝ၇၇     ၁၂၈၇၇      ၁ .၁        ၁၃၂၃       ၁၃ဝ၉      ၁၄            ၁ .၁နှမ်းနက်        ၁၄၇၁၉၈၈      ၁၄ဝ၄၆၁၁      ၆၇၃၇၇       ၅          ၁၅၇၈       ၁၅၈ဝ        ၂            ဝ .၁MIRT (DOBT)