စစ်ကိုင်းတိုင်းဒေသကြီး မိုးနှမ်းများဈေးကွက်ဝင် စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွက် မိုးနှမ်းစိုက် ဧက ၄ ဒသမ ၄၇ သိန်းကျော်၊ ဆောင်းနှမ်းစိုက်ဧက ၄ ဒသမ ၅၂ သိန်းကျော် စိုက်ပိုျးပါတယ်။ မိုးနှောင်းပိုင်း သြဂုတ်လလယ်၊ စက်တင်ဘာ လဆန်းပိုင်း စိုက်နှမ်း များ နိုဝင်ဘာလဆန်းမှ ယခုအချိန်ထိထွက်ပေါ်နေပါတယ်။ စစ်ကိုင်းမြို့နယ် ကျောက်ဆည် တစ်ရွာလုံး နှမ်းစိုက် တောင်သူ ၁ဝဝ ရှိပြီး နှမ်းစိုက်ဧကပေါင်း ၄ဝဝ ခန့် ရှိပါတယ်။ တောင်သူတစ်ဦးကို နှမ်းဖြူ ၃ ဧကမှ ၇ ဧကထိ စိုက်ပိုျးကြ ပါတယ်။ တစ်ဧကကုန်ကျစရိတ် ၇ဝ၂ဝဝ ကျပ်၊ ကုန်ကျပြီး တစ်ဧကအထွက်နှုန်း ပျမ်းမျှ ၅ တင်းကျော်ထွက်ကြောင်း သိရပါတယ်။ နှမ်းဖြူ တစ်တင်းဈေး နိုဝင်ဘာလမှ ယခုချိန်ထိ အနိမ့်၊ အမြင့်ဈေး ၂၂၅ဝဝ ကျပ်-၂၆ဝဝဝ ကျပ်၊ ပျမ်းမျှ တစ်တင်းဈေး ၂၄၂၅ဝ ကျပ်ဈေးပေါက်လို့ တစ်ဧကအမြတ် ၅ဝဝဝဝ ကျပ်ကျော် ရှိကြောင်း သိရပါတယ်။ ကျေးရွာများမှ ထွက်ရှိတဲ့ နှမ်းကို စစ်ကိုင်းမြို့ပေါ်ရှိ ပွဲရုံများသို့ ရောင်းချကြောင်း သိရပါတယ်။ သန်းသန်းတင်
Background