Main menu

Background

မန်းအဆွဲရှိလို့ နှမ်းဈေးမာနေ

Sun, 12/19/2010 - 09:54 -- Anonymous (not verified)

မန်းအဆွဲရှိလို့ နှမ်းဈေးမာနေ           မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာ ဒုတိယပတ်နှမ်းဈေးကွက်မှာ နှမ်းမိုျးစုံဈေးမာ လာပါတယ်။ နယ်စုံက နှမ်းဝင်ရောက်မှု ပုံမှန်ရှိခဲ့ပြီး နှမ်းဈေးအနေနဲ့ နှမ်းညိုတစ်တင်း ၁၉၅ဝဝ ကျပ်မှ ၂၁၅ဝဝ ကျပ်၊ နှမ်းနီတစ်တင်း ၂၁၈ဝဝ ကျပ်မှ ၂၃ဝဝဝ ကျပ်၊ နှမ်းဖြူတစ်တင်း ၂၃၅ဝဝ ကျပ်အသီးသီး ဈေးမာလျက်ရှိပါတယ်။ ဂန့်ဂေါနယ်နဲ့ မြောင်နယ်တွေဘက်က အထွက်တိုး နှမ်းနက်အချို့ ဈေးကွက်ထဲဝင်လာခဲ့ပြီး ၊ တရုတ်ဝယ်လက်ရှိတဲ့အတွက် တစ်တင်း ၂၈ဝဝဝ ကျပ်ထိ ဈေးကောင်းရခဲ့ပါတယ်။ အရောင်းအဝယ်အားဖြင့် ဒေသတွင်း ဆီစက်သမားများနဲ့ လက်လီအဝယ်အပြင် မန်းအဆွဲအနည်းငယ်ရှိလို့ တစ်ရက်အိတ် ၃ဝဝ မှ ၅ဝဝ ကြား ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီရက်ပတ်မှာ မုံရွာကုန်စည်ဒိုင် နယ်မြေကနေ မန္တလေးကို နှမ်းတင်း ၁၅ဝဝ ခန့် စီးထွက်ခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။                                                                             ထွန်းလှိုင်