Main menu

Background

နိုဝင်ဘာလတွင်း တရုတ်၏ ကောက်ပဲသီးနံှတွင် တင်သွင်းမှု စံချိန်တင် မြင့ ်တက်

Sun, 12/19/2010 - 10:12 -- Anonymous (not verified)

 နိုဝင်ဘာလတွင်း တရုတ်၏ ကောက်ပဲသီးနံှတွင် တင်သွင်းမှု စံချိန်တင် မြင့ ်တက်              နိုဝင်ဘာလတွင်း တရုတ်၏ ကောက်ပဲသီးနံှတွင် တင်သွင်းမှု စံချိန်တင် မြင့ ်တက် တရုတ်နိုင်ငံတွင် နိုဝင်ဘာလ အတွင်း လယ်ယာထွက်ကုန် တင်သွင်းမှု က သိသိသာသာမြင့်တက်ကြောင်း၊ နိုဝင်ဘာလတွင် ပဲပုပ်ဆီ တင်သွင်းမှု တန်ချိန် ၅ ဒသမ ၄၈ သန်းနဲ့ စားဆီ တင်သွင်းမှုက တန်ချိန် ၆ သိန်းအသီးသီးကိုရောက်ရှိခဲ့ရာ အောက်တိုဘာလနဲ့ နှိုင်းယှဉ်ရာတွင် ပဲပုပ်ဆီမှာ ၄၇ ရာခိုင်နှုန်းနဲ့ စားဆီမှာ ၁၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အကောက်ခွန် ဆိုင်ရာ ဗဟိုစာရင်းအင်း အုပ်ခုျပ်ရေးမှ ထုတ်ပြန်တဲ့ ကိန်းဂဏန်းများအရ သိရှိ ရပါတယ်။              တရုတ်နိုင်ငံ ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ဒီဇင်ဘာလ ပဲပုပ်တင် သွင်းမှုက တန်ချိန် ၅ ဒသမ ၄၈ ကို ရောက်ရှိဦးမယ်လို့ ခန့်မှန်းခဲ့ပြီး တရုတ်နိုင်ငံ ဗဟိုစီးပွားရေးအဖွဲ့ ညီလာခံမှ (Central Economic Work Conference) မှ ၂ဝ၁၁ ခုနှစ်တွင် ခေတ်မီတဲ့ လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဈေးကစားခြင်းများ ကို တင်းတင်းကျပ်ကျပ် ဆောင်ရွက် သွားမှာဖြစ်ကြောင်း၊ ၎င်းအစည်းအဝေး မှ ကျေးလက်ဒေသများတွင် ကောက်ပဲသီးနံှ ထုတ်လုပ်မှုအတွက် အခြေခံ အဆောက်အဦ လုပ်ငန်းများကို အားပေး လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ Source:istockanalyst.com, အေးမွန်မွန်လှိုင်