ကုလား ပဲဈေးလည်း အနည်းငယ်အေး အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်များမှာ ကုလားပဲအဝယ်အေး တာကြောင့် ဈေးလည်းအေးနေပါတယ်။ ရာဂျက်စသန်မှာ ကုလားပဲစိုက်ဧက အနည်းငယ်လျော့တယ်လို့ ခန့်မှန်းကြပေမဲ့ ယခုနှစ် အထွက်နှုန်းကောင်းခြင်းကတော့ စိုက်ဧကလျော့ကျမှုကို ကာမိစေ နိုင်မယ်လို့ ဈေးကွက်ကခန့်မှန်းကြပါတယ်။ ABARE ရဲ့ နောက်ဆုံး အစီရင်ခံစာအရ သြစတြေးလျနိုင်ငံမှာ ရာသီဥတု ပုံမှန်မဟုတ်တာ ကြောင့် ၂ဝ၁ဝ-၂ဝ၁၁ ကုလားပဲထွက်ရှိမှုဟာ ယခင်နှစ်ထက်တန်ချိန် ၂၇ဝဝဝ ကျော်လျော့ကျပြီး တန်ချိန် ၃ ဒသမ ၇၆ သိန်းသာ ထွက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ သီးနံှပျက်စီးတဲ့ သတင်းတွေအရ ဝယ် လက်များ ပိုမိုဝယ်ယူမယ့်အလားအလာရှိလို့ လာမယ့်ရက်တွေမှာ ဈေးအနည်းငယ်မြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက် တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂ ဒေါ်လာ/တန် ဈေးကွက် ၁၆ .၁၂ .၁ဝ ၁၅ .၁၂ .၁ဝ ၁၄ .၁၂ .၁ဝ ၁၃ .၁၂ .၁ဝမွန်ဘိုင်း ၅၄၁ ၅၄၁ ၅၄၉ ၅၄၆ဒေလီ ၅၃၅-၅၃၆ ၅၃၅-၅၃၆ ၅၃၃ ၅၃ဝကန်ပါ ၅၄၆ ၅၄၅ ၅၄၇ ၅၄၃
Background