Main menu

Background

်ပဲတီစိမ်း ဈေး တည်ငြိမ်နေ

Sun, 12/19/2010 - 10:42 -- Anonymous (not verified)

ပဲတီစိမ်း ဈေး တည်ငြိမ်နေ             အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်များမှာ အခြားပဲဈေးများ ကျဆင်းပေမဲ့ ပဲတီစိမ်းဈေးကတော့ တည်ငြိမ်နေပါတယ်။ အဓိက လက်ငင်းဈေးကွက်များမှာ အရောင်းအဝယ် အကန့်အသတ်သာရှိ တယ်လို့သိရပါတယ်။ ပြည်တွင်းဝယ်လက်များက အရည်အသွေးနိမ့် ပဲများကို ဈေးပိုပေးဝယ်ယူလိုခြင်းမရှိတဲ့အတွက် ဈေးနှုန်းထပ်မတက် နိုင်ဘူးလို့  ခန့်မှန်းကြပါတယ်။ ဒါပေမဲ့လည်း အချို့ဝယ်လက်များက အရည်အသွေးကောင်းပဲကိုမှ ဝယ်လိုအား ကောင်းနေတာတော့ ဈေးနှုန်းမကျအောင် အထောက်အပံ့ဖြစ်စေနိုင်တယ်လို့ ခန့်မှန်းကြပါ တယ်။ မိုးပဲများအထွက်ကောင်းတာကြောင့် လက်ရှိနှစ်အတွင်းမှာ တော့ ပဲတီစိမ်း တင်သွင်းမှုလျော့ဖွယ်ရှိတယ်လို့ သတင်းများမှာဖော်ပြ ထားပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ် - ဇယား-၃                                                                                                         ဒေါ်လာ/တန်  ဈေးကွက်                  ၁၆ .၁၂ .၁ဝ             ၁၅ .၁၂ .၁ဝ              ၁၄ .၁၂ .၁ဝ               ၁၃ .၁၂ .၁ဝမွန်ဘိုင်း(ပဲတီရွှေဝါ)        ၁၄၆၇                        ၁၄၅၆                   ၁၄၆၆                        ၁၄၅၉ချန်နိုင်း(ပဲတီရွှေဝါ)        ၁ဝ၁၅                         ၁ဝ၁၅                  ၁ဝ၂၂                         ၁ဝ၁၇ဒေလီ                       ၁ဝ၅၉                        ၁ဝ၅၉                   ၁ဝ၆၆                         ၁ဝ၆၁