ပဲစင်းငုံဈေး သိသိသာသာဆင်းလာ အိန္ဒိယပြည်တွင်း ဈေးကွက်တွေမှာ ရောင်းလိုအားများပြီး ဝယ်လိုအားနည်းတာကြောင့် ယခုတစ်ပတ် ပဲစင်းငုံဈေး သိသိသာသာ ဆင်းခဲ့ပါတယ်။ ကာနာတာကာမှာ မိုးအဆက်မပြတ် ရွာသွန်းမှု ကြောင့် ပဲစင်းငုံများ ထိခိုက်ပျက်စီးမှုရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ မဟာရပ်ရှတရာနဲ့ အတ္တရာပရာဒေ့ရှ်မှာ အထွက်ကောင်း မယ်လို့ ခန့်မှန်းထားပါတယ်။ ကာနာတာကာက ပဲအသစ်တွေ ဝင် ရောက်တော့မှာဖြစ်လို့ ပြည်တွင်းဈေးနှုန်း ဆက်ကျနိုင်တယ်လို့ ခန့် မှန်းထားပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ် ဇယား-၄ ဒေါ်လာ/တန် ဈေးကွက် ၁၆ .၁၂ .၁ဝ ၁၅ .၁၂ .၁ဝ ၁၄ .၁၂ .၁ဝ ၁၃ .၁၂ .၁ဝမွန်ဘိုင်း(မြန်မာပဲစင်းငုံ) ၆၁၂-၆၁၈ ၆၂၃ ၆၅ဝ ၆၅၂-၆၅၇ဒေလီ(မြန်မာပဲစင်းငုံ) ၆၁၈ ၆၃၄ ၆၅ဝ ၆၄၆-၆၅၂ချန်နိုင်း(မြန်မာပဲစင်းငုံ) ၆၆၇ ၆၇၉ ၆၈၃ ၆၈၅ Source: agriwatch.com ,MIRT (Yangon)
Background