Main menu

Background

မိုးကောင်းရော်ဘာ မန္တလေးဈေးကွက်ကို စပို့ပြီ

Tue, 12/21/2010 - 04:24 -- Anonymous (not verified)

 မိုးကောင်းရော်ဘာ မန္တလေးဈေးကွက်ကို စပို့ပြီ              ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် မံရွက်ကျေးရွာအုပ်စု ပါဟုတ် ၈ မိုင်ဒေသမှာ စိုက်ပျိုးထားတဲ့ ရော်ဘာဧက ၃၅ဝ အနက် ဧက ၆ဝ ကို အစေးခြစ်ရော်ဘာပြားများ ထုတ်လုပ်နေပြီဖြစ်ပါတယ်။ ယခုအစေးခြစ်ရော်ဘာမျိုးက အစေ့စိုက် မျိုးများဖြစ်တဲ့အပြင် အစေးစခြစ်တဲ့အပင်ဖြစ်တာကြောင့် အစေးရရှိမှုအနေဖြင့် တစ်နေ့ ၂၅ ပင်ကို တစ်ေပေါင်နှုန်းရရှိပါတယ်။ တဖြည်းဖြည်းအစေးရရှိမှု မြင့်လာနိုင်ပြီး တစ်ဧက ၄ဝဝ - ၄၅ဝ ပေါင်ထွက်မယ်လို့ ခန့်မှန်းထားပါတယ်။ ယခုထုတ်လုပ်တဲ့ ရော်ဘာဟာRSS (3)  အဆင့်ရှိပြီး အေးတဲ့အချိန်မှာ အစေးထွက်နှုန်း ကောင်းပြီး ကချင်ပြည်နယ်စိုက် ရော်ဘာများမှာ အခြားဒေသထွက်ရော်ဘာများထက် အစေးထွက်နှုန်း ပိုလေ့ရှိကြောင်း သိရပါတယ်။ ထုတ်လုပ်ရရှိတဲ့ ရော်ဘာပြားများကို မန္တလေးဈေးကွက်သို့ တင်ပို့ပြီး ယခုအချိန် RSS (3) ရော်ဘာတစ်ပေါင် ၁၄ဝဝ ကျပ်-၁၆ဝဝ ကျပ်ထိရောင်းချရကာ ရော်ဘာပေါင် ၃ဝဝဝ ကျော်တင်ပို့ပြီးကြောင်း သိရပါတယ်။ ကျန်ဧကတွေမှာတော့ ဖူးဆက်မျိုး (BPM-24, ဟိုင်နန်) စိုက်ပျိုး ထားပြီး နောက်နှစ်များ အစေးခြစ်မှာဖြစ်ပြီး ယခုအစေ့စိုက်မျိုးထက် အစေးထွက်နှုန်းပိုနိုင်တယ်လို့ သိရပါတယ်။ ယခု အချိန်မှာတော့ မန္တလေးဈေးကွက်ကိုသာ အဓိကတင်ပို့မှာဖြစ်ကြောင်း သိရပါတယ်။                                     ကိုကိုစိုး