မိမိဘက်ပြောင်းဈေးမြင့်လို့ နယ်စပ်တင်ပို့မှုလျော့ ဒီဇင်ဘာ ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်း မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တစ်ဘက်နိုင်ငံသို့ ပြောင်းဖူးစေ့ ၁၁၆၉၆ တန်နဲ့ နံှစားပြောင်း ၄၇၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၁၄၈ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်မှ ၁၉၆၂ဝ တန်၊ လွယ်ဂျယ်မှ ၉၁ တန်နဲ့ နံှစားပြောင်း ၆၁၂ တန်ကျော်တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာ တင်ပို့မှု တန်ချိန် ၈ဝဝဝ ကျော် လျော့နည်းခဲ့ပါတယ်။ ပြောင်းဖူးစေ့ ဝယ်လိုအား ရှိနေသော်လည်း မိမိဘက်မြေပြင်ပေါက်ဈေးမြင့်ပြီး တစ်ဘက်နိုင်ငံ ဈေးမှာ ယွမ် ၃ဝ ဝန်းကျင်နဲ့ ဒေါ်လာအားဖြင့် ၂ ဒေါ်လာခန့် ကျသွားတဲ့အတွက် တွက်ချေကိုက်မှုမရှိလို့ တင်ပို့မှု လျော့နည်းရတယ်လို့သိရပါတယ်။ မိမိဘက်နဲ့တစ်ဘက် နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ပါတယ်။ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၄၂၈ဝဝ ၂၅ဝ၅၄၄ ၇၇၄၄ ၄ ၂၇၉ ၂၈၁ ၂ ၁နံှစားပြောင်း ၂၅၂၇၅၉ ၂၆ဝ၇ဝ၈ ၇၉၄၉ ၃ ၃၂၉ ၃၃၃ ၂ ၁ MIRT (DOBT)
Background