ဈေးအေးလာတဲ့ မန်းပြောင်း မန်းပြောင်းဈေးကွက် ဒီဇင်ဘာ ပထမပတ်မှာ အထွက်တိုး ပြောင်း တစ်ပိဿာ ၃၂၁ ကျပ်၊ ပြောင်း ဗမာ တစ်ပိဿာ ၂၇၆ ကျပ် စီပီပြောင်း တစ်ပိဿာ ၂၇၈ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့တာတွေ့ရပါတယ်။ ဒီဇင်ဘာလ ဒုတိယပတ်မှာတော့ တရုတ်ဆွဲအားနည်းလာပြီး ဒေသတွင်း ခွဲစက်လုပ်ငန်းရှင်များနဲ့ အစာစပ်သမားများသာ ပုံမှန်အဝယ်လိုက်တာကြောင့် အထွက်တိုးပြောင်း တစ်ပိဿာ ၂၆၄ ကျပ်၊ ပြောင်း ဗမာ တစ်ပိဿာ ၂၅၉ ကျပ်နဲ့ စီပီ ပြောင်း တစ်ပိဿာ ၂၆၃ ကျပ်တို့ဖြင့် ဈေးနိမ့်အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ထွန်း
Background