Main menu

Background

ပွင့်လင်းရာသီ ရန်ကုန်-ပုသိမ် တန်ဆာခနှုန်းထားများ ပြောင်းလဲ

Tue, 12/21/2010 - 04:41 -- Anonymous (not verified)

ပွင့်လင်းရာသီ ရန်ကုန်-ပုသိမ် တန်ဆာခနှုန်းထားများ ပြောင်းလဲ                  ပုသိမ်မှ ရန်ကုန်သို့ ကားတန်ဆာခနှုန်းထားများမှာ ယခင် ဆန်တစ်အိတ်ကို ၄ဝဝ ကျပ်နှုန်းမှ ယခုအချိန် ဆန်တစ်အိတ်ကို ၅၅ဝ ကျပ်-၆ဝဝ ကျပ်ခန့် ပြောင်းလဲ လာပါတယ်။                    စက်သုံးဆီဈေးနှုန်းထူးခြားစွာ ပြောင်းလဲမှုမရှိဘဲ ဆန်စပါးအသစ်ပေါ်ချိန် ကုန်ပေါများ၍ ရန်ကုန်သို့ နေ့စဉ် ၁ဝ စီးမှ ၁၅ စီးခန့်တင်ပို့လျက်ရှိခြင်းနဲ့ သက်ဆိုင် ရာမှ လမ်းများပျက်စီးမှုမှ ကာကွယ်ရန်အတွက် ဒီဇင်ဘာဒုတိယပတ်မှစပြီး ယာဉ် အပါ ကုန်တန်ချိန် ၂ဝ သာခွင့်ပြုခဲ့တာကြောင့် ယခင် ရန်ကုန်သို့ ကားတစ်စီးကို ဆန်အိတ်ရေ ၄ဝဝ ခန့်တင်ဆောင်ရာမှ ယခုအချိန် ကားတစ်စီးကို အိတ်ရေ ၂ဝဝ၊ ၂၅ဝ ခန့်သာ တင်ဆောင်ရပြီဖြစ်တာကြောင့် တန်ဆာခနှုန်းထား မြင့်တက်လာ ကြောင်း သိရပါတယ်။                                                                                                                            မင်းမင်းဦး