ကုန်လမ်းသယ်ယူပို့ဆောင်ခ မြင့်တက်မှုကြောင့ ် ကုန်သည်များရေကြောင်းလမ်းမှ ကုန်ပစ္စည်းတင်ပို့ မှုများလာ ဒီဇင်ဘာလ ၁ရက်မှစတင်၍ မုံရွာ-ရန်ကုန်သယ်ယူခမှာ တစ်ပိဿာကို ၆၅ ကျပ်ထိဖြစ်လာကြောင်း သိရပါတယ်။ မြင်းမူ- ရန်ကုန်ရေကြောင်းမှာ ၁၂ လ ရာသီ သွားလာနိုင်တဲ့ ဧရာဝတီရေကြောင်းခရီးဖြစ်လို့ ယခုအခါ မုံရွာ ကုန်သည်များဟာ ကုန်ပစ္စည်းများကို ရေကြောင်းမှ ပြောင်းလဲတင်ပို့လာကြကြောင်း သိရပါတယ်။ မုံရွာမှ ကုန်ပစ္စည်းများကို မြင်းမူ- ရန်ကုန် ရေကြောင်းလမ်းမှ တင်ပို့ရင် မြင်းမူ-မုံရွာ ၂ ဖက်ခေါက်တိုခ၊ လုပ် သားခ၊ ရေကြောင်းအာမခံနှင့် တန်ဆာခ ၁၉ ကျပ်အပါအဝင် စုစုပေါင်း တစ်ပိဿာ ၃၈ ကျပ်သာရှိလို့ ရေကြောင်းမှ တင်ပို့လျှင် ကုန်ပစ္စည်းတစ်တန်ကို ကျပ် ၁၆၅ဝဝ ကျော် သက်သာတဲ့အတွက် ယခုအခါကုန်သည်များက ပဲစင်းငုံအိတ် ရေ ၅ဝဝဝ ကျော်ကို ရေကြောင်းလမ်း ခရီးမှ တင်ပို့ခဲ့ကြောင်း သိရှိရပါတယ်။ အောင်မင်း
Background
