Main menu

Background

အိမ်ခြံမြေ ဈေးနှုန်းများ အမြင့်ဆုံးအနေအထားသို့ ရောက်ရှိနေ

Tue, 12/21/2010 - 05:55 -- Anonymous (not verified)

 အိမ်ခြံမြေ ဈေးနှုန်းများ အမြင့်ဆုံးအနေအထားသို့ ရောက်ရှိနေ           အိမ်ခြံမြေဈေးနှုန်းများ အမြင့်ဆုံးအနေအထားသို့ ရောက်ရှိလာနေကြောင်း အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီများထံက သိရသည်။ ''လက်ရှိ အိမ်ခြံမြေတွေရဲ့ခေါ်ဈေးပေါက်ဈေးတွေက အမြင့်ဆုံးအနေအထား သို့ ရောက်ရှိနေတယ်လို့ ပြောလို့ရတယ်၊ နေရာကောင်း အကွက်ကောင်းတွေဆို လိုချင်သူတွေပဲရှိပြီး ရောင်းဖို့ပစ္စည်းမရှိသလိုဖြစ်လာတယ်။ ဒါ့ကြောင့် အိမ်ခြံမြေ ဈေးကွက် အေးသယောင်ဈေးရှိနေတယ်။ ဘာကြောင့်လဲဆိုရင် ဈေးကွက်အချို့ဟာ အမြင့်ဆုံးကို တက်သွားပြီးရင် ပြန်ဆင်းတတ်တဲ့ သဘောလေးတွေလည်း ရှိတတ် တာကြောင့် အရောင်းအဝယ်သမားတွေက ဒီအခြေအနေကို ရိပ်စားမိပြီး စောင့် ကြည့်နေကြတဲ့သူတွေလည်း ရှိတယ်။ ဆိုလိုတာက ဈေးကျမှပြန်ဝယ်မှဆိုပြီး ငွေ ထုပ်ပိုက်စောင့်ကြည့်နေသူတွေလည်း ရှိတယ်။ ဈေးနှုန်းခေါ်ဈေးတွေက အမြင့်ဆုံး အနေအထားတွေကြောင့် လန့်ပြီး မဝယ်ရဲတာလည်းပါတယ်။ ငွေမာနေတဲ့အချိန် မျိုးမှာ တန်ဖိုးကြီးတွေကို မကိုင်ချင်တာလည်းဖြစ်နိုင်တယ်။ ဝယ်လိုက်ပြီးမှ ဈေးကျ သွားမယ်ဆိုရင် နှစ်ခါနာဖြစ်မှာစိုးသူတွေလည်း ရှိတယ်''ဟု ဝါရင့်အိမ်ခြံ မြေလုပ်ငန်း ရှင်ကြီးတစ်ဦးက ဈေးကွက်ခပ်အေးအေးအနေအထားကို သုံးသပ်ပြောကြားသည်။    ခင်မျိုးသွယ်