Main menu

Background

တစ်ပတ်အတွင်း အငှားသွက်တဲ့ ရတနာပုံတယ်လီပို့အနီးရှိ ကျေးရွာများ

Tue, 12/21/2010 - 06:04 -- Anonymous (not verified)

 တစ်ပတ်အတွင်း အငှားသွက်တဲ့ ရတနာပုံတယ်လီပို့အနီးရှိ ကျေးရွာများ         ပြင်ဦးလွင်မြို့နယ် ရတနာပုံတယ် လီပို့အနီးရှိ သုံးတောင်ရွာ၊ ပြင်စာရွာနဲ့ ကျောက်ဖျားဒိုး   ကျေးရွာများရှိ ရွာခံ အိမ်များမှာ   ယခုတစ်ပတ်အတွင်း အငှားသွက်လျက်ရှိပါတယ်။  ရတနာပုံတယ်လီပို့   နည်းပညာ တက္ကသိုလ်သို့ ရန်ကုန်၊မန္တလေးနဲ့ အခြား မြို့များမှ ကျောင်းတက်ရန်အတွက် ကြို တင်ငှားရမ်းကြခြင်း ဖြစ်ပါတယ်။  ပြင်ဦးလွင်မြို့မှ မြေအကျိုးဆောင် လုပ်ကိုင်သူ ဒေါ်ယဉ်ယဉ်နွဲ့က''ကျောင်း တက်ဖို့အတွက် ပြင်ဦးလွင်မှာ အိမ်ငှား ဖို့ ရှာခိုင်းတယ်။ တယ်လီပို့နဲ့ နီးတဲ့ရွာ တွေကတော့ ပိုပြီးငှားရတယ်။  အဲဒီ ဘက်ကနီးပေမယ့် အိမ်ကောင်းကောင်း တော့ နည်းတယ်။ အနီးစခန်းက ရွာ ကျယ်ပေမယ့် အငှားမရှိသလောက်ပဲ။ ဒါကြောင့်  ကောင်းကောင်းလိုချင်တဲ့ သူက ပြင်ဦးလွင်မှာ လာငှားကြတယ်။ အခုရှာပေးထားတာ ဖုန်းပါတယ်၊ လုံး ချင်းအိမ် နံကပ် ၂ ထပ်ကို ၂ သိန်းခွဲနဲ့ ၆ ဦး နေတယ်ပြောတယ်။ ၁ ဦးမှ  ၄ သောင်းကျော်ပဲကျတော့တယ်''လို့ ပြော ပါတယ်။     မန္တလေးမြို့မှ  ကျောင်းသားမိဘ တစ်ဦးက  ''ကျောင်းက ၁၈ ရက်နေ့ နောက်ပိုင်း  ဖွင့်မယ်ကြားတယ်။   ဒါ ကြောင့်အခုကတည်းက ကြိုပြီးရှာထား ရတယ်။  ပြင်စာရွာမှာက  ငှားဖို့မရှိ တော့ဘူး။ ပြည့်သွားပြီ၊ သုံးတောင်ရွာမှာ ငှားဖို့သွားရှာရတယ်၊ ၄ ယောက်ခန်း  ၁ ခန်းရတယ်။ ကျောက်ဖျားဒိုးမှာလည်း ငှားကြတယ်။  အနီးစခန်းထက်စာရင် ပြင်ဦးလွင်ဘက်ကို     သွားငှားကြတာ လည်းရှိတယ်။ ပြင်ဦးလွင်နဲ့ တယ်လီပို့က ၁၉ မိုင်ဝန်းကျင်၊ မန္တလေးကနေဆိုရင် ၂၄ မိုင်ကျော်ဝေးတော့  မန္တလေးကလူ လည်း နေ့စဉ်လာလို့  အဆင်မပြေဘူး။ ဒါကြောင့်  အဲဒီဘက်မှာ ငှားနေပြီးမှ  ကျောင်းတက်လို့ရမယ်''လို့ပြောပါတယ်။      ကျေးရွာများတွင် ၃ ခန်းပတ်လည် လုံးချင်း နံကပ်ငှားရမ်းခမှာ ၁ သိန်းနဲ့ ၁ သိန်းခွဲဈေးရှိ၍ ၁ဝ ပေ x ၁၂ ပေအခန်း  အဆောင်ငှားရမ်းခမှာ ၁ သောင်းခွဲ၊ ၂သောင်းဈေးရှိကြောင်း သိရ ပါတယ်။                     ဇူးဇူး