Main menu

Background

အအေးခန်းစက်ရုံ ၅ ရုံမှ အီးယူ ခွင့်ပြုချက်ရရှိရန် လျှောက်ထားလာ

Tue, 12/21/2010 - 06:23 -- Anonymous (not verified)

 အအေးခန်းစက်ရုံ ၅ ရုံမှ အီးယူ ခွင့်ပြုချက်ရရှိရန် လျှောက်ထားလာ        အီးယူဈေးကွက်ဖြစ်သော ဥရောပသမဂ္ဂနိုင်ငံများဈေးကွက်သို့ ရေထွက်ကုန်ပစ္စည်းများ တိုးမြှင့်တင်ပို့ နိုင်ရန်အတွက် ရေထွက်ပစ္စည်း ပြုပြင်ထုတ်လုပ်သည့် အအေးခန်းစက်ရုံ ၅ ရုံမှ အီးယူခွင့်ပြုချက် (EU Approval  )ရရှိရန် ငါးလုပ်ငန်း ဦးစီးဌာနသို့ လျှောက်ထားလာကြောင်း သိရသည်။       '' အီးယူနိုင်ငံတွေကို ဖမ်းဆီးရရှိတဲ့ ငါးတွေ၊ ပုစွန်တွေကို အအေးခန်း စက်ရုံ ၈ ရုံကနေ တင်ပို့နေပါတယ်။ နောက်ပိုင်းမှာ မွေးမြူထုတ်လုပ်ခြင်းက ရရှိတဲ့ ငါးပုစွန်တွေကိုပါ တင်ပို့ခွင့်ရအောင် စီစဉ်နေပါတယ်။ မွေးမြူထုတ်လုပ်ရေးက ထွက်ရှိတဲ့ ငါးပုစွန်တွေကို အီးယူတင်ပို့ခွင့်ရအောင် လိုအပ်ချက်က ၁၂ ချက်လောက်ရှိ ပါတယ်။ အဓိကစစ်ဆေးပေးရမှာက ၆ မိုျးရှိပါတယ်။ တစ်နှစ်စာစစ်ဆေးခအနေနဲ့ ကျပ်သိန်း (၁၅ဝ) လောက် ကုန်ကျမှုရှိပါတယ်။ ဒါဟာ နိုင်ငံတကာ နဲ့ယှဉ်ပြီး လုပ်ရမဲ့ ကိစ္စဖြစ်ပါတယ် '' ဟု ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။           အီးယူ ဈေးကွက်သို့တင်ပို့ရန် လိုအပ်ချက်များအတွက် လိုအပ်သည့် သင်တန်းများကိုလည်း အီးယူနိုင်ငံများမှ ပညာရှင်များက လာရောက်ပို့ချပေးခဲ့ကြောင်း၊ အီးယူနိုင်ငံများ၏ လိုအပ်သည့် စံချိန်စံညွှန်းများကို လိုက်နာကျင့်သုံးခြင်းဖြင့် အီးယူနိုင်ငံများသို့ တင်ပို့နိုင်မည်ဖြစ်သည့်အပြင် အခြားနိုင်ငံ ဈေးကွက်များသို့ တင်ပို့ရာတွင်လည်း အီးယူခွင့်ပြုချက် ရရှိပြီး ဖြစ်ပါက ဈေးကွက်ယုံကြည်မှုနှင့် ဈေးကောင်းရရှိနိုင်သည်ဟုဆိုသည်။ ခင်မျိုးသွယ်