Main menu

Background

ရေထွက်ကုန် တင်ပို့မှု ကန်ဒေါ်လာ သန်း ၄၀၀ ကျော်ရရှိ

Tue, 12/21/2010 - 06:34 -- Anonymous (not verified)

 ရေထွက်ကုန် တင်ပို့မှု ကန်ဒေါ်လာ သန်း ၄၀၀ ကျော်ရရှိ          မြန်မာနိုင်ငံက ရေထွက်ကုန်ပစ္စည်းကို ပြည်ပနိုင်ငံများသို့ တင်ပို့ လျက်ရှိရာ ၂ဝ၁ဝ ခုနှစ် ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ အမေရိကန် ဒေါ်လာ သန်း ၃၈ဝ ကျော် ရရှိထားပြီးဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ပြည်ပ ကုန်စစ်ဆေးရေး ဌာနစုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။        ''၂ဝ၁ဝ ခုနှစ်ဧပြီလ ၁ ရက်နေ့ ကနေ ဒီဇင်ဘာ ၁၂ ရက်နေ့အထိ လမ်းကြောင်းတွေ အလိုက်တင်ပို့မှုကို ကြည့်ရင် ပုံမှန်ကုန်သွယ်ရေးက ကန်ဒေါ်လာ ၂၃၈ ဒသမ ၇ဝ၄ သန်း၊ မူဆယ်က ဒေါ်လာ ၄၈ ဒသမ ၁၄၈ သန်း၊ ကော့သောင်းက ဒေါ်လာ ၁၄ ဒသမ ၁၇၄ သန်း၊ မြိတ်က ဒေါ်လာ ၆၅ ဒသမ ၂၁၅ သန်း၊ ဂဏန်းက ၂၃ ဒသမ ၃၉၃ သန်း၊ ငါးရှဉ့်က ဒေါ်လာ ၁၆ ဒသမ ၄၃၈ သန်းနဲ့ ရေချိုငါးက ဒေါ်လာ ၈၁ ဒသမ ၉ဝ၆ သန်း ရရှိမှုတွေ ပေါင်းလိုက်ရင် ဒေါ်လာ သန်း ၄ဝဝ ကျော်ရရှိထားပြီးဖြစ်ပါတယ် '' ဟု ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။           ပြည်ပသို့ အများဆုံးတင်ပို့ ရောင်းချခဲ့သည့် ရေထွက်ကုန်များသည် ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးခေါင်းပွ၊ ငါးရှဉ့်၊ ငါးလင်ဗန်း၊ ငါးပတ်၊ ငါးဂျောင်း၊ ဂဏန်းနှင့် ဂဏန်းပျော့တို့ဖြစ်ကြောင်း သိရသည်။ ခင်မျိုးသွယ်