Main menu

Background

ပုံမှန်ဈေးနဲ့ အရောင်းအဝယ်အေးတဲ့ ပြည်ချင်းဈေးကွက်

Tue, 12/21/2010 - 07:06 -- Anonymous (not verified)

ပုံမှန်ဈေးနဲ့ အရောင်းအဝယ်အေးတဲ့ ပြည်ချင်းဈေးကွက်             ယခုတစ်ပတ်အတွင်း ပြည်ဈေးကွက်သို့ အောင်ပန်းချင်းများ အဝင်နည်း လာပါတယ်။ ယခင်တစ်ပတ်က ပိဿာ ၃ဝ ဝင်အိတ် ၃၅ဝ ခန့် ဝင်ရောက်ခဲ့ သော်လည်း ယခုတစ်ပတ်မှာတော့ အိတ် ၂၈ဝ ခန့်သာ ဝင်ရောက်ကြောင်း သိရပါတယ်။ အဝင်နည်းသော်လည်း တစ်နေ့ကို ပိဿာချိန် ၃ဝဝ ခန့်သာ ပုံမှန်ဈေးဖြင့် အရောင်းအဝယ်အေးနေပါတယ်။ ပြည်ဈေးကွက်ရဲ့ ယခုတစ်ပတ် ရောင်းဈေးမှာ တစ်ပိဿာကို အကြီး ၁၁ဝဝ ကျပ်နဲ့ အသေး ၁ဝဝဝ ကျပ် ရှိတယ်လို့ သိရပါတယ်။       ဝင်းလဲ့ဝါ