Main menu

Background

မန်းချင်းဈေးကွက်

Tue, 12/21/2010 - 07:11 -- Anonymous (not verified)

မန်းချင်းဈေးကွက်            ချင်းများလှိုင်လှိုင်ပေါ်တဲ့ ရာသီဖြစ်လို့ ချင်းဈေးမှာ ယခင်လကထက် အနည်းငယ်ကျပြီး ယခုရက်ပိုင်းအတွင်း မန္တလေးမြို့မှာ မေမြို့ချင်း တစ်ပိဿာ လက်ကားဈေး ၈ဝဝ ကျပ်၊ လက်လီဈေး ၁၆ဝဝ ကျပ်၊ အောင်ပန်းချင်း တစ်ပိဿာ လက်ကားဈေး ၉ဝဝ ကျပ်၊ လက်လီဈေး ၁၈ဝဝ ကျပ်ရှိပါတယ်။ မန္တလေး တိုင်းဒေသကြီးအတွင်း ချင်းအများဆုံး ထွက်တဲ့ ပြင်ဦးလွင်မှ မန္တလေးသို့ မေမြို့ ချင်းနေ့စဉ် ပိဿာ ၁ဝဝဝ ခန့်၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ အောင်ပန်းချင်း နေ့စဉ် ပိဿာ ၃ဝဝဝ ခန့်ဝင်ရောက်လျက်ရှိကြောင်း သိရပါတယ်။                                                       မင်းလွင်