Main menu

Background

နမ့်ဆန်ချင်းတွေ စဖော်ပြ

Tue, 12/21/2010 - 07:15 -- Anonymous (not verified)

 နမ့်ဆန်ချင်းတွေ စဖော်ပြ               ဟိုပုံးဈေးကွက်နဲ့ နမ့်ဆန်ဈေးကွက်တွေမှာ ချင်းသစ်တွေဝင်နေပါပြီ။ အများအပြားဝင်လာခြင်း မရှိသေးပေမဲ့ နမ့်ဆန်မြို့ရဲ့ အနီးအနားရွာတွေဖြစ်တဲ့ လွယ်ဟွေး၊ လွယ်စိုင်းစတဲ့ရွာတွေကနေ အပင်ခြောက်ပြီး သေသွားတဲ့ချင်းတွေကို စပြီးဖော်နေကြပြီလို့သိရပါတယ်။ နမ့်ဆန်မှာတော့ ချင်းတစ်ပိဿာ ၄ဝဝ ကျပ်၊ ၄၅ဝ ကျပ်ဈေးနဲ့ ပွဲရုံတွေကကြိုပြီး ဝယ်နေတယ်လို့သိရပါတယ်။ ဒီနှစ်ထွက်တဲ့ချင်း တွေကိုလည်း ဈေးကောင်းရင် အစိုအတိုင်းသာ ရောင်းကြမှာဖြစ်ပြီး၊ အခြောက် အဖြစ်ပြုလုပ်ဖို့နည်းနိုင်တယ်လို့ နမ့်ဆန် ဒေသခံကုန်သည်တွေထံက သိရပါတယ်။ ၂ လပိုင်းလောက်မှသာ ဈေးကွက်ကို အဝင်လှိုင်လာမှာဖြစ်ပါတယ်။ ချင်းခြောက် ဈေးက ဒီနှစ်မှာ ဘယ်ဈေးနဲ့စဖွင့်မယ်ဆိုတာမသိနိုင်သေးပေမဲ့ မနှစ်ကတစ်ပိဿာ ၂၅ဝဝ ကျပ်ဈေးနဲ့ ဈေးပိတ်သွားတယ်လို့ သိရပါ တယ်။ ကလောမြို့ရဲ့ အနီးပတ် ဝန်းကျင်က ထွက်တဲ့ ချင်းတွေက အောင်ပန်းဈေးကွက်မှာ အဝင်လှိုင်နေပြီး တစ်ရက်ကို ပိဿာချိန် ၁၅ဝဝဝ ခန့် ဝင်နေတယ်လို့သိရပါတယ်။ အောင်ပန်းချင်း ကတော့ တစ်ပိဿာ ၆ဝဝ ကျပ်၊ ၆၅ဝ ကျပ်ရှိပါတယ်။ ချင်းခြောက်အသစ်တွေ ဈေးကွက်ကို မဝင်လာသေးတော့ လက်ကျန်ချင်းခြောက်ဟောင်းတွေ ဈေးတက် လာပြီး၊ ချင်းခြောက်ဈေးကတစ်ပိဿာ ၃ဝဝဝ ကျပ်ဈေးရှိပါတယ်။ ချင်းစိုကိုတော့ ပြည်တွင်းသုံးအဖြစ် ဝယ်ယူနေကြတယ်လို့ တစ်ပတ်အတွင်း ချင်းပိဿာချိန် ၂ ဒသမ ၁ သိန်း အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။                                                                                                   ဧဧခိုင်