တက်ဈေးဖြစ်နေတဲ့ ရှမ်းကြက်ဆူကြား စက်မှုကုန်ကြမ်းသီးနံှဖြစ်တဲ့ ကြက်ဆူကြားကို ရှမ်းပြည်နယ်တောင်ပိုင်းမှာ အတော်များများ စိုက်ပျိုးကြပါတယ်။ အိမ်ခြံဝင်းစည်းရိုးတွေနဲ့ စိုက်ကွင်းစည်းရိုးတွေအပြင် မြေညံ့တွေနဲ့ ပလပ်မြေတွေမှာ စိုက်တယ်လို့ သိရပါတယ်။ တောင်ကြီး ခရိုင်မှာတော့ ဟိုပုံး၊ ဆီဆိုင်၊ ရပ်စောက်က ကြက်ဆူအများအပြားထွက်တဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။ ကြက်ဆူဈေးက တစ်နှစ်ထက်တစ်နှစ် ဈေးကောင်းလာတဲ့ သီးနံှဖြစ်ပါတယ်။ ကြက်ဆူကြားဈေးက ၂ဝဝ၉ ခုနှစ် မေ၊ ဇွန်လမှာ တစ်ပိဿာ အနိမ့်ဆုံး ၆ဝဝ ကျပ်မှ အမြင့်ဆုံး ၇ဝဝ ကျပ်ဈေးရှိပါတယ်။ နိုဝင်ဘာလမှာ ဈေးတပ်တက်လာပြီး တစ်ပိဿာ ၈၇ဝ ကျပ်၊ ၈၈ဝ ကျပ်ဈေးရှိပါတယ်။ ဒီဇင်ဘာလမှာ အနိမ့်ဆုံး ၈၈ဝ ကျပ်မှ အမြင့်ဆုံး ၉ဝဝ ကျပ်ဈေးရှိပါတယ်။ ၂ဝ၁ဝ နှစ်ဆန်းမှာ ဈေးထပ်တက်လာပြီး ဖေဖော်ဝါရီမှာ အနိမ့်ဆုံး ၉၃ဝ ကျပ်မှ အမြင့်ဆုံး ၉၅ဝ ကျပ်၊ မတ်၊ ဧပြီလမှာ အနိမ့်ဆုံး ၁ဝဝဝ ကျပ်မှ အမြင့်ဆုံး ၁ဝ၅ဝ ကျပ်ဈေးမြင့်လာပါတယ်။ တရုတ်နိုင်ငံမှ စက်မှုကုန်ကြမ်းသီးနံှအဖြစ် ဝယ်လိုအား ကောင်းလာတာကြောင့် ဈေးထပ်တက်လာပြီး မေလမှာ အမြင့်ဆုံး ၁၁၅ဝ ကျပ်ဈေးထိ တက်လာပါတယ်။ ဇွန်လမှ စက်တင်ဘာလမှာတော့ တစ်ပိဿာ ၁ဝ၇ဝ ကျပ်နဲ့ သာဈေးငြိမ်နေပြီး နိုဝင်ဘာလမှာ ၁၁၇ဝ ကျပ်ဈေးထိပြန်တက် လာပါတယ်။ ဈေးကောင်းရတဲ့ အတွက် လှောင်လက်တွေကလည်း ထုတ်ရောင်းနေကြပါတယ်။ တရုတ်သို့တင်ပို့ရန်အတွက် မန္တလေးဝယ်လက်တွေ ဝယ်ယူနေကြလို့ အရောင်းအဝယ် သွက်နေပြီး ဒီတစ်ပတ်ကြက်ဆူပေါက်ဈေးကတော့ ၁ဝ၅ဝ ကျပ်ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရပါတယ်။ ဧဧခိုင်
Background