Main menu

Background

ပြည်ဈေးကွက်မှာ မတ်ပဲဈေးကျ

Thu, 12/23/2010 - 09:47 -- Anonymous (not verified)

ပြည်ဈေးကွက်မှာ မတ်ပဲဈေးကျ        မတ်ပဲ (ကုန်ကြမ်း) ကို ရန်ကုန်ဝယ်လက်က ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(RC)ရောင်းဈေး ကျဆင်းနေတာကို အကြောင်း ပြပြီးဈေးလျော့အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၁၂၅ ကျပ် (တစ်တန်ကို ၆၈၈၉၃၈ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၁၃ဝဝ ခန့်သာအဝယ်ရှိခဲ့တယ်လို့ သိရပါ တယ်။ ပဲတီစိမ်း ကတော့ ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို ရန်ကုန် ဝယ်လက်ကလည်း အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့် မြင့်လာပြီး တစ်ပိဿာကို ၁၂၈၅ ကျပ်(တစ်တန်ကို ၇၈၆၉၂၁ကျပ်)နဲ့ တစ်ပတ်အတွင်းအိတ် ၁၂ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။