Main menu

Background

မကွေးမှာ ပဲတီစိမ်းနဲ့ ပဲစင်းငုံနီဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်

Thu, 12/23/2010 - 10:01 -- Anonymous (not verified)

မကွေးမှာ ပဲတီစိမ်းနဲ့ ပဲစင်းငုံနီဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်         ပဲတီစိမ်းကြီး ကို မန္တလေးဝယ်လက်နဲ့ ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၁၁၅၈ ကျပ်(တစ်တန်ကို ၇ဝ၉၁၄၇ ကျပ်) နဲ့နေ့စဉ် အိတ် ၂ဝဝ မှ ၂၅ဝ ကြား ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအပြောင်းအလဲမရှိဘဲ ဈေးတန့် တန့်နေတယ်လို့ သိရပါတယ်။ ပဲစင်းငုံနီ ပဲစင်းငုံနီကိုငွေပြန်ပေါ်လိုသော ကုန်သည်အခိုျ့ထုတ်ရောင်းမှုတွေ ရှိသလို ရန်ကုန်ဝယ်လက်ကလည်း ဈေးပေးအဝယ်မရှိဘဲ ယခင်အပတ်ဈေးဖြစ်တဲ့ တစ်ပိဿာကို ၇၅ဝ ကျပ် (တစ်တန်ကို ၄၅၉၂၉၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ မှ ၁၅ဝ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။