Main menu

Background

မန္တလေးမှာ ပဲတီစိမ်းနဲ့ ကုလားပဲဖြူလုံးကြီးဈေးစွာလာ

Thu, 12/23/2010 - 10:06 -- Anonymous (not verified)

မန္တလေးမှာ ပဲတီစိမ်းနဲ့ ကုလားပဲဖြူလုံးကြီးဈေးစွာလာ         ပဲတီစိမ်း(အဟောင်း)ထက် ပဲတီစိမ်း(သစ်) ကို တရုတ်ပြည် တင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ရန်ကုန်ဝယ်လက်က အရည်အသွေးပိုနှစ်သက်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင် အပတ် နဲ့စာရင် ဈေးမြင့် မြင့်လာပြီး တစ်ပိဿာကို ၁၅၂ဝ ကျပ် (တစ်တန်ကို ၉၃ဝ၈၃၂ ကျပ်)နဲ့ နေ့စဉ် အိတ် ၃ဝဝဝ နဲ့အထက် အဝယ်ရှိခဲ့တယ်လို့သိရပါတယ်။ ကုလားပဲဖြူလုံးကြီး ကို မျိုးအတွက် ဝယ်ယူနေတဲ့ ကုန်သည်များအဝယ်ပြန် အေးသွားပေမယ့် ပဲခွဲစက်လုပ်ငန်း ရှင်များနဲ့ ရန်ကုန်ဝယ်လက်က အဝယ်ပုံမှန်ရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးမြင့် မြင့်လာပြီး တစ်ပိဿာကို ၁၂၆၆ ကျပ် (တစ်တန်ကို ၇၇၅၂၈၅ ကျပ်) နဲ့နေ့စဉ် အိတ် ၁၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်များက ဆိုပါတယ်။