Main menu

Background

မုံရွာမှာ ပဲတီစိမ်းနဲ့ ကုလားပဲဖြူလုံးကြီး အရောင်းအဝယ်ပုံမှန်ဖြစ်

Thu, 12/23/2010 - 10:09 -- Anonymous (not verified)

မုံရွာမှာ ပဲတီစိမ်းနဲ့ ကုလားပဲဖြူလုံးကြီး အရောင်းအဝယ်ပုံမှန်ဖြစ်               ပဲတီစိမ်းကြီး ကို အရည်အသွေးပေါ် မူတည်ပြီး မန္တလေးဝယ်လက်နဲ့ ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့် မြင့်လာပြီး တစ်ပိဿာကို ၁၂၈၉ ကျပ်(တစ်တန်ကို ၇၈၉၃၇ဝ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ မှ ၅ဝဝ ကြားအဝယ်ရှိခဲ့ကြောင်း သိရပါတယ်။ ကုလားပဲဖြူလုံးကြီး ကို ဒေသတွင်းပဲခွဲစက်လုပ်ငန်း ရှင်များနဲ့ နယ်လက်အဝယ်သွက်ခဲ့တာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြင့် မြင့်လာပြီး တစ်ပိဿာကို ၁၂၄၇ ကျပ် (တစ်တန်ကို ၇၆၃၆၅ဝ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ မှ ၄ဝဝ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ် လို့သိရပါတယ်။