Main menu

Background

အောင်ပန်းမှာ အာလူးဈေးအနည်းငယ်မြင့်ပြီး ဂေါ်ဖီဈေးကျလာ

Thu, 12/23/2010 - 10:17 -- Anonymous (not verified)

အောင်ပန်းမှာ အာလူးဈေးအနည်းငယ်မြင့်ပြီး ဂေါ်ဖီဈေးကျလာ            ဒေသထွက် အာလူး အာလူးက ဈေးကွက်သို့ ဝင်ရောက်မှုပုံမှန်ရှိသလို ရန်ကုန်-မန္တလေးဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်မြင့်လာပြီး တစ်ပိဿာကို ၆၅ဝ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၉၄ဝဝဝ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဂေါ်ဖီ ဖီကို ရန်ကုန်-မိတ္တီလာဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ဈေးကွက်သို့ဂေါ်ဖီထုပ်အဝင်များ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျ ကျလာပြီး တစ်ပိဿာကို ၈ဝ ကျပ်နဲ့ တစ်ပတ်အတွင်းပိ ဿာချိန် ၂၁ဝဝဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒေသခံဂေါ်ဖီကုန်သည်တစ်ဦးက ဆိုပါတယ်။