Main menu

Background

ဗီယက်နမ် ဆန်ကုမ္ပဏီ ၁၅၅ ခု ဆန်တင်ပို့ရာမှာ အရည်အချင်း မမီကြောင်း ထုတ်ပြန်

Mon, 10/10/2011 - 03:37 -- Anonymous (not verified)

ဗီယက်နမ် ဆန်ကုမ္ပဏီ ၁၅၅ ခု ဆန်တင်ပို့ရာမှာ အရည်အချင်း မမီကြောင်း ထုတ်ပြန်                 ယခုလကစပြီးသက်ရောက်မယ့် အစိုးရရဲ့ ဆန်ကုန်သွယ်မှု အမိန့်အမှတ် ၁၀၉ အရ နိုင်ငံအတွင်း ဆန်ကုမ္ပဏီ ၂၅၂ ခုရှိတဲ့အနက် ကုမ္ပဏီ ၁၀၇ ခုသာလျှင် အရည်အချင်းမီတဲ့ ကုမ္ပဏီအဖြစ် စက်မှုလက်မှုနဲ့ကုန်သွယ်ရေးဝန်ကြီး ဌာနမှ လိုင်စင်များထုတ်ပေးကြောင်းသိရပါတယ်။ ယင်းကုမ္ပဏီ ၁၀၇ ခုအနက် ၆၉ ခုမှာ ဗီယက်နမ်စားနပ်ရိက္ခာ အသင်းဝင်များ ဖြစ်ကြောင်း VFA ဥက္ကဌ Truong Phongက ပြောကြားပါတယ်။ ယင်းအမိန့်သက်ရောက်မှုမရှိမီ ၂ လခန့်အလို သြဂုတ် လ အစပိုင်းမှာ ဆန်တင်ပို့ဖို့ မှတ်ပုံတင်လိုင်စင် ပေးထားတဲ့ ဆန်တင်ပို့သူအရေအတွက်ဟာ ၈၀ သာ ရှိခဲ့ပါတယ်။ ဆန်တင်ပို့တဲ့ကုမ္ပဏီများစွာဟာ ၎င်းတို့လိုအပ်တဲ့ နီးနီးနားနားမှာ တည်ဆောက်ထားတဲ့ ဆန်သိုလှောင်ရုံများနဲ့ ဆန်စက်များမရှိသေးတာကြောင့် ဆန်တင်ပို့ဖို့ အရည်အချင်း မပြည့်မီကြဘူးလို့ စက်မှုလက်မှုနဲ့ကုန်သွယ်ရေး ဒုတိယဝန်ကြီး ငုယင်ထန်ဘိန်မှပြောကြားပါတယ်။ ယင်းအခြေအနေအား အနည်းငယ်ဖြေလျော့တဲ့အနေနဲ့ ဝန်ကြီးဌာနက ဆန်စက်နဲ့ သိုလှောင်ရုံကို တစ်နေရာစီမှာ တည်ဆောက်ထားတဲ့ ကုမ္ပဏီ များကိုလည်း လိုင်စင် ထုတ်ပေးနေတယ်လို့ ဆိုပါတယ်။                ဆန်ကုန်သွယ်မှုအမိန့်ရဲ့ အခြားခေါင်းစဉ်များဖြစ်တဲ့ တစ်နာရီကို ၁၀ တန်ကျ ဆန်စက်တစ်လုံး သို့မဟုတ် တန် ၅၀၀၀ ကျ သိုလှောင်ရုံတစ်လုံးရှိရမယ့်ကုမ္ပဏီများရဲ့ လိုအပ်ချက် ပြည့်မီဖို့ကိုတော့ နောက်နှစ် အောက်တိုဘာလ တိုင် အောင် သက်တမ်းတိုးသွားမယ်လို့သိရပါတယ်။ လမင်း၊Source: The Saigon Times