Main menu

Background

ပြည်တွင်း ဆန်ဈေးနှုန်းလျော့ကျစေဖို့ အင်ဒိုနီးရှားနိုင်ငံက ၁ဝ စုနှစ်အတွင်း ဆန်အများဆုံးတင်သွင်းဖို့စီစဉ်

Mon, 12/27/2010 - 06:58 -- Anonymous (not verified)

ပြည်တွင်း ဆန်ဈေးနှုန်းလျော့ကျစေဖို့ အင်ဒိုနီးရှားနိုင်ငံက ၁ဝ စုနှစ်အတွင်းဆန်အများဆုံးတင်သွင်းဖို့စီစဉ်              အင်ဒိုနီးရှားနိုင်ငံအတွင်း စားသုံးသူဈေးနှုန်း လျော့ကျရေးနဲ့ သိုလှောင်ဆန်ကို ပြန်လည်ဖြည့်ဆည်းဖို့အတွက် ၁၉၉၉ ခုနှစ်နောက်ပိုင်း ဆန်အများဆုံးတင်သွင်းတဲ့အနေနဲ့ နိုင်ငံရဲ့စားနပ်ရိက္ခာကုမ္ပဏီ Bulog မှ သဘောတူညီခဲ့တယ် လို့ သိရပါတယ်။ ဘူးလော့ဟာ ယခု သီတင်းပတ် အစောပိုင်းမှာ နောက်ထပ်ဆန်တန်ချိန် ၂၅ဝဝဝဝ ဝယ်ယူဖို့ ထိုင်းနိုင်ငံနဲ့ သဘောတူညီခဲ့လို့ စုစု ပေါင်းတင်သွင်းမှုဟာ တန်ချိန် ၁ ဒသမ ၃၃ သန်း ရှိလာ တော့မယ်လို့ ကုန်သွယ် ရေးဝန်ကြီးMari Pangestu  က ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ပြောကြားပါတယ်။ ယင်း သဘောတူညီခဲ့တဲ့ ဆန်ကို ဖေဖော်ဝါရီလအတွင်း အပြီးသတ် တင်ပို့သွားရမယ် လို့ ဆိုပါတယ်။              လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ပြည်တွင်းထုတ်လုပ်မှုနဲ့ ဖူလုံနေခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ယခုနှစ်မှာတော့ ထုတ် လုပ်မှုကျဆင်းခြင်းနဲ့ ၎င်းရဲ့သိုလှောင်ဆန် အနိမ့်ဆုံး ပမာဏ ထက် လျော့ကျခဲ့တာကြောင့် ဆန်ဈေးကွက်အတွင်း ပြန် လည်ဝင်ရောက်လာတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့လက စားသုံးသူ ဈေးနှုန်း ၆ ဒသမ ၃ ရာခိုင်နှုန်းထက် ပိုမိုမြင့်မား နေခြင်း ကို လျော့ကျဖို့ ကြိုးစားတဲ့အနေနဲ့လည်း အစိုးရက ဆန် တင်သွင်းမှုတွေ လုပ်နေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။              ၂ဝဝ၇ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံဟာ ဆန်တန်ချိန် ၁ ဒသမ ၂ သန်းကို အများဆုံး တင်ပို့သူတွေဖြစ်တဲ့ ထိုင်းနဲ့ ဗီယက်နမ်က အများဆုံးဝယ်ယူခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာ အာရှငွေကြေးအကျပ်အတည်း ကာလအတွင်း ဆန်တန်ချိန် ၁ ဒသမ ၅၃ သန်းအထိ ဝယ်ယူခဲ့ရပြီး ယခင်နှစ်က တန်ချိန် ၅ ဒသမ ၉၆ သန်း ဝယ်ယူခဲ့ရတယ်လို့ ကုန်သွယ်ရေးဝန်ကြီး ဌာန စာရင်းတွေအရ သိရပါတယ်။                                                                             လမင်း၊ှSource:oryza.com