Main menu

Background

ဖိလစ်ပိုင်နိုင်ငံရဲ့ ဆန်သုတေသနမှာ တောင်ကိုရီးယားက ကူညီ

Mon, 12/27/2010 - 07:05 -- Anonymous (not verified)

 ဖိလစ်ပိုင်နိုင်ငံရဲ့ ဆန်သုတေသနမှာ တောင်ကိုရီးယားက ကူညီ          သိပ္ပံနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်တဲ့ စီမံကိန်းတစ်ခုအနေနဲ့ ၂ဝ၁၃ ခုနှစ်မှာ ပြည်တွင်းဆန် ထုတ်လုပ်မှုမှ ဖူလုံဖို့ ဖိလစ်ပိုင်ရဲ့ ရည်မှန်းချက်အောင်မြင်စေရေး အကူအညီပေးတဲ့အနေနဲ့ တောင်ကိုရီးယားနိုင်ငံဟာ Munoz မြို့မှာရှိတဲ့ ဖိလစ်ပိုင် ဆန်သုတေသနတက္ကသိုလ်က နိုင်ငံတကာစိုက်ပျိုးရေးစင်တာမှာ ပူးပေါင်းဆောင်ရွက် နေတယ်လို့သိရပါတယ်။ ဖိလစ်ပိုင်ရဲ့ ဆန်အခြေခံတဲ့ထုတ်လုပ်မှု ဖွံ့ဖြိုးရေးနဲ့ ဆန်သုတေသနလုပ်ဆောင်နိုင်မှုမြှင့်တင်ဖို့ ကိုရီးယားက ကူညီနေတယ်လို့ သိရပါတယ်။ ၂ဝ၁၃ ခုနှစ်မတိုင်မီ အကောင်အထည်ဖော်နိုင်ဖို့ ဖိလစ်ပိုင် သုတေသန ပညာရှင်များ၊ ဌာနဆိုင်ရာ အရာထမ်းများနဲ့ လယ်သမားများအတွက် လယ်ယာလုပ်ငန်းစဉ်နဲ့ သီးနံှထုတ်လုပ်မှုစနစ်ကို အဲဒီစင်တာမှာ သင်တန်းပို့ချသွားမယ်လို့ ဆိုပါတယ်။ ကိုရီးယားနိုင်ငံဟာ ဖိလစ်ပိုင်နိုင်ငံအပြင် ဗီယက်နမ်၊ မြန်မာနဲ့ ကင်ညာလို အခြားနိုင်ငံတွေကိုလည်း စိုက်ပျိုးရေး ဆိုင်ရာ အကူအညီများ ပေးနေတယ်လို့ သိရပါတယ်။                                                          လမင်းး၊ ှSource:oryza.com