Main menu

Background

ပင်လယ်ရေကြောင်းက ပဲလွန်းဖြူနဲ့ မြေထောက်ပဲ ဆက်လက်တင်ပို့

Mon, 12/27/2010 - 07:43 -- Anonymous (not verified)

ပင်လယ်ရေကြောင်းက ပဲလွန်းဖြူနဲ့ မြေထောက်ပဲ ဆက်လက်တင်ပို့          ပြည်တွင်းဈေးကွက်တွေကို ပဲလွန်းဖြူ အသစ် အချို့ဝင်ရောက်လာ ပြီဖြစ်လို့ ပင်လယ်ရေကြောင်းက အဆက် မပြတ် တင်ပို့မှုရှိနေသလို မြေထောက်ပဲ မှာလည်း လက်ကျန်အနည်းငယ် တင်ပို့မှု ရှိနေသေးတာ တွေ့ရပါတယ်။ ယခု တစ်ပတ် ဒီဇင်ဘာလ ၁၆ ရက်မှ ၂၂ ရက်အတွင်း ပဲလွန်းဖြူ တန် ၁၅ဝ ခန့်နဲ့ မြေထောက်ပဲ တန် ၅ဝ ကျော်တင်ပို့မှု ရှိခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနဲ့ အိန္ဒိယ တို့ဖြစ်ပါတယ်။ ပဲလွန်းဖြူအနေနဲ့ ဝယ်လိုအား ကောင်းနေပေမဲ့ အသစ် တွေ ဝင်လာပြီဖြစ်လို့ ဈေးအနည်းငယ် ကျ လာတာ တွေ့ရပါတယ်။          ရန်ကုန် FOB ဈေးအနေနဲ့ ပဲလွန်းဖြူဈေးမှာ ယခင်တစ်ပတ်ထက် အနည်းငယ်လျော့ပြီး FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၇ဝ-၇၈ဝ၊ SQ တစ်တန်ကို ကန်ဒေါ်လာ ၈၇ဝ-၈၈ဝ နဲ့ မြေထောက်ပဲ ဈေးမှာ ယခင်တစ်ပတ် ဈေးအတိုင်း FAQ တစ်တန်ကို ကန်ဒေါ်လာ ၆၆ဝ-၆၇ဝ ဖြစ်တယ်လို့ သိရပါတယ်။ MIRT - MAPT