အိန္ဒိယပဲတီစိမ်း တစ်လအတွင်း ကန်ဒေါ်လာ ၆ဝ ကျော်မြင့်တက် အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ အခြားပဲဈေးတွေ လျော့ကျပေမဲ့ ပဲတီစိမ်းဈေးကတော့ တစ်လအတွင်း မြင့်တက်လာခဲ့ပါတယ်။ ဈေးကွက်အချို့ကို ပဲအသစ်ဝင်ရောက်မှု ရပ်တန့်သွားပြီဖြစ်သလို လက်ကျန်ပဲများကလည်း အရည်အသွေးညံ့တယ်လို့ သိရပါတယ်။ အရည်အသွေးကောင်း ဝယ်လိုတဲ့ ဝယ်လက်များအနေနဲ့ ပြည်ပက တင်သွင်းနေတာ ဖြစ်လို့ ပဲတီစိမ်းဈေးက မြင့်တက်လာတာဖြစ်ပါတယ်။ ပြည်တွင်းအရည်အသွေးနိမ့်ပဲတွေကိုတော့ ဈေးလျှော့အဝယ်ရှိတယ်လို့ သိရပါတယ်။ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ ကာလတူ ဈေးနှုန်းတွေကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ချန်နိုင်း (ပဲတီရွှေဝါ) ဒေလီ(ပဲတီစိမ်း)၂၃-၁၂-၁ဝ ၁ဝ၂၂ ၁ဝ၆၆၂၃-၁၁-၁ဝ ၉၄၃ ၉၈၇MIRT (MAPT)
Background