ဈေးဆက်လက်အေးနေသော ပြည်ကုလားပဲ ပြည်ဈေးကွက်တွင် ကုလားပဲဈေးမှာ ယခင်တစ်ပတ်က ၂၃ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ယခု တစ်ပတ်တွင် ၂၂ဝဝဝ ကျပ်ဖြင့် ဈေးအနည်း ငယ် ကျဆင်းခဲ့တာကို တွေ့ရပါတယ်။ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ယခင် တစ်ပတ်က တစ်ရက် အိတ် ၂ဝဝ အရောင်းအဝယ်ရှိရာမှ ယခုအပတ်တွင် အိတ် ၁ဝဝ ခန့်သာ ရောင်းချရပါတယ်။ ခွဲစက်သမားနဲ့ ကြာဇံစက်သမားများမှ အဝယ် အေးလာတဲ့အတွက် ဒေသတွင်း ပွဲရုံများတွင် ရောင်းအား နည်း ခြင်းဖြစ်ပါတယ်။ ယခုအချိန်ဟာ ပဲစိုက်ပျိုးသူတောင်သူများမှလည်း စိုက်ပိုျးပြီးဖြစ်တဲ့အတွက် မျိုးပဲ ဝယ်ယူသူ အနည်းငယ်သာရှိတော့တဲ့အတွက် အရောင်းအေးခြင်း ဖြစ်ကြောင်း သိရပါတယ်။ လွင်လွင်ဆန်း
Background