Main menu

Background

ဥရောပကြွေးမြီပြဿနာနဲ့ ဒေါ်လာတန်ဖိုးကျဆင်းမှုက ရွှေဈေးကို တွန်းတင်

Mon, 12/27/2010 - 10:21 -- Anonymous (not verified)

 ဥရောပကြွေးမြီပြဿနာနဲ့ ဒေါ်လာတန်ဖိုးကျဆင်းမှုက ရွှေဈေးကို တွန်းတင်              နှစ်ပတ်ကြာ ကျဆင်းသွားခဲ့တဲ့ ကမ္ဘာ့ရွှေဈေးနှုန်းက ဒီဇင်ဘာလ ၁၇ ရက်နေ့မှ စပြီး ပြန်လည်အားကောင်းလာခဲ့ပါတယ်။ ကျဆင်းခဲ့တဲ့ဈေးနှုန်းက ရွှေဝယ်ယူသူ များနဲ့ ရင်းနှီးမြူပ်နံှသူများကို ဆွဲဆောင်နိုင်ခဲ့ပြီး ဈေးနှုန်းပြန်မြင့်ကြောင်း ဖော်ပြခဲ့ပါတယ်။                  ဒီဇင်ဘာ ၂ဝ ရက်နေ့ စင်ကာပူစံတော်ချိန် မွန်းလွဲ ၁းဝ၃ နာရီက ချက်ချင်း အရောက်ပို့ရွှေဈေးနှုန်းက တစ်အောင်စကို သုည ဒသမ ၅ ရာခိုင်နှုန်းမြင့်မားကာ ၁၃၈၂ ဒသမ ၃၈ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခုနှစ်အတွင်း ရွှေဈေးက ၂၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၁ဝ နှစ်ဆက်တိုက် ဈေးမြင့်မားခြင်းဖြစ်ကြောင်း၊ ဥရောပြွေကးမြီပြဿနာနဲ့ အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းမှုတို့က ရွှေဈေးကို မြင့်မားစေခဲ့ပါတယ်။ ဒီဇင်ဘာလ ၇ ရက်နေ့က တစ်အောင်စကို ၁၄၃၁ ဒသမ ၂၅ ဒေါ်လာအထိမှတ်တမ်းတင်ဖွယ်မြင့်မားခဲ့တယ်။ ကိုရီးယား ကျွန်းဆွယ်နိုင်ငံရေးတင်းမာမှုကလည်း ရွှေဈေးနှုန်းကို တွန်းအားပေး ဖွယ်ရှိကြောင်း သိရပါတယ်။ှSource:bloomberg.com, ပပ