Main menu

Background

ရွှေဈေးကွက်အတွင်း ပစ္စည်းပေါပေါများများနှင့် အရောင်းအဝယ်ရှိနေ

Mon, 12/27/2010 - 10:23 -- Anonymous (not verified)

 ရွှေဈေးကွက်အတွင်း ပစ္စည်းပေါပေါများများနှင့် အရောင်းအဝယ်ရှိနေ             ရန်ကုန် ရွှေဈေးကွက်အတွင်း အခေါက်ရွှေပစ္စည်း ပေါပေါများများဖြင့် အရောင်းအဝယ်ရှိနေကြောင်း ရန်ကုန် တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းမှ သိရသည်။             ''ဒီဇင်ဘာလ တတိယပတ်အနေ အထားမှာ အခေါက်ရွှေပစ္စည်း ပေါပေါ များများနဲ့ အရောင်းအဝယ်ရှိနေတယ်။ ရောင်းတဲ့သူများပြီး ပစ္စည်းများနေတာ၊ ဒါကြောင့် မန္တလေးဘက်ကလည်း ရွှေ အဝင်မရှိသလောက်ဘဲ။ကျပ် ၆၇ဝဝဝဝ လောက်မှာ ရောင်းကြ၊ ဝယ်ကြလုပ်ခဲ့ ကြတဲ့အရပ်ဝယ်လက်တွေလဲ ၆၆ဝဝဝဝ စွန်းစွန်းမှာ ဝယ်ဖြည့်ထားခဲ့ကြတော့ ဈေးကွက်မှာ အရောင်းအဝယ်ပါးတယ်။               ကမ္ဘာ့ဈေး တက်သလောက် ပြည်တွင်း ပေါက်ဈေးက မလိုက်နိုင်ဘူး။ ခရစ္စမတ် မတိုင်မီအတွင်းမှာ ဈေးကွက်ခပ်ငြိမ်ငြိမ် သွားလိမ့်မယ် ခန့်မှန်းပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင် အသင်းမှ ရွှေကုန်သည်တစ်ဦးက ပြော ကြားသည်။               ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက် နေ့တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် (၆၅၉၆ဝဝ-၆၅၈၈ဝဝ) ကျပ် ဖြစ်ခဲ့ပြီး၊ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁၃၈၆-၁၃၈၁ ဒေါ်လာ ဖြစ်ပေါ်ခဲ့ သည်ဟု ဆိုသည်။                                 ခင်မျိုးသွယ်