်ပုံမှန်အဝင်ရ ပင်လယ်ရေကြောင်းလမ်းကနေ ဒီဇင်ဘာ ၁၃ ရက်မှ ၁၉ ရက်တာကာလ အတွင်း ဓာတ်မြေသြဇာတန်ချိန် ၈၉၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၄ဝ၈၄ဝ ဖိုးကို တင်သွင်းခဲ့ပါတယ်။ ကုန်သွယ်ဖက်နိုင်ငံကတော့ တရုတ်နိုင်ငံက ယူရီးယား (ရွှေတောင်တံဆိပ်) ကွန်ပေါင်းဓာတ်မြေသြဇာတန်ချိန် ၆၈ဝ၊ တန်ဖိုး ကန်ဒေါ်လာ ၁၇၆၈ဝဝ ဖိုးနဲ့ ဘူဂေးရီးယားနိုင်ငံမှ ဓာတ်မြေသြဇာတန်ချိန် ၂၁၇ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၆၄ဝ၄ဝ ဖိုးကို အသီးသီးတင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ တော့ ဓာတ်မြေသြဇာတန်ချိန် ၁၉ဝဝ ကျော်တင်သွင်းခဲ့တာကြောင့် ဒီတစ်ပတ်မှာ အဝင်နည်းနည်းလျော့နည်းချိန်ဆကာ တင်သွင်းလာခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့ လည်း မြေဆီဓာတ်မြေသြဇာကို နယ်စပ်လမ်းကနေသာမက ရေကြောင်းလမ်းကပါ အပတ်စဉ် စဉ်ဆက်မပြတ် စိုက်ပိုျးရေးသွင်းအားစုအဖြစ် အားဖြည့်တင်သွင်းလျက် ရှိနေပါတယ်။ MIRT (DOT) မူဆယ်နယ်စပ်မှ ဓာတ်မြေသြဇာတန်ချိန် ၁၁ဝဝ ခန့်တင်သွင်း ဒီဇင်ဘာလ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ် ရေးဇုန်၊ ရိဒ်၊ တာချီလိတ်နဲ့ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ကန်ဒေါ်လာ ၂ ဒသမ ၅၇ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၁၇၃၃ တန်ခန့်တင်သွင်းနိုင် ခဲ့ပါတယ်။ ယခင်အပတ်က ၇၉၄ဝ တန်သာ တင်သွင်းခဲ့တဲ့အတွက် ယခုအပတ်မှာ ၃၇၉၂ တန်ခန့် တင်သွင်းမှုပိုမိုခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ် ရေးဇုန်တစ်ခုတည်းရဲ့ တင်သွင်းမှုပမာဏဟာ တန်ချိန် ၁ဝ၉၅၅ ရှိခဲ့ပါတယ်။ မူဆယ် နယ်စပ်ကနေ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား ၈၁၅၆ တန်၊ တြိုင်စူပါဖော့စဖိတ် ၉၁၈ တန်နဲ့ ကွန်ပေါင်း NPK ၁ဝး၁ဝး၅ ၅၆၈ တန်ကျော် ပဲဖြစ်ပါတယ်။ စိုက်ပျိုးရေးရာသီရောက်ပြီဖြစ်လို့ ဓာတ်မြေသြဇာတင်သွင်းမှု အရှိန် ပြန်ရနေတာလို့ တာချီလိတ်နယ်စပ်ကနေ ဓာတ်မြေသြဇာ တင်သွင်းသူတစ်ဦးထံမှ= သိရပါတယ်။ တာချီလိတ်မှ ကွန်ပေါင်းဓာတ်မြေသြဇာတင်သွင်းခဲ့ပြီး တမူးမှ ပို တက်ရှ်နဲ့ ရိဒ်မှ ပိုတက်ရှ်နဲ့ယူရီးယားတို့တင်သွင်းနေတာဖြစ်ပါတယ်။ နယ်စပ်အလိုက် ဓာတ်မြေသြဇာ တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁ဝ၉၅၅ တန်၊ ရိဒ်မှ တန် ၇ဝဝ ကျော်၊ တာချီလိတ်မှ ၄၂ တန်နဲ့ တမူးမှ ၃၅ တန်ဖြစ်ပါတယ်။ MIRT(DOBT) ဈေးကွက်က ဈေးနှုန်း ပြည်တွင်းသုံး ဓာတ်မြေသြဇာအမျိုးမျိုး၏ ဒေသအသီးသီးရှိ ဈေးကွက်ပေါက် ဈေးများကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ် -တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) ယူရီးယား(တရုတ်)ရွှေတောင် ၂၁ဝဝဝ ယူရီးယား(တရုတ်)ကမ္ဘာလုံး ၂ဝဝဝဝ တီစူပါ(သံကွင်း-တရုတ်) ၂၃၆ဝဝ တီစူပါ(မြှား-တရုတ်) ၂၂၉ဝဝ ပိုတက်(အိန္ဒိယ) ၂၂ဝဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၁၉၆ဝဝ ယူရီးယား(တရုတ်-ပန်းဖူး) ၁၉၄ဝဝ တီဆူပါGTSP 46% ၂၁၁ဝဝ တီဆူပါGSSP 16% ၉၁ဝဝ တီဆူပါGSSP 12% ၈၅ဝဝ ကွန်ပေါင်း(တရုတ်) 15:15:15 ၂၈ဝဝဝ အာမို(ဒိုင်းမွန်းစတား) ၄ဝဝဝဝတောင်ငူ ယူရီးယား-ပုလဲ(ယူအေအီး) ၁၈၅ဝဝ ယူရီးယား (ရွှေတောင်-တရုတ်) ၂ဝဝဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂ဝဝဝဝ ကုလားအုတ် (တရုတ်) ၂ဝဝဝဝတောင်ကြီး ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၁၉၃ဝဝ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၁၉၃ဝဝ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၁၉၅ဝဝ တီဆူပါ-(တရုတ်) 12% ၈၅ဝဝ တီဆူပါ-(တရုတ်) 16% ၉၇ဝဝ တီဆူပါ 15:15:15 (တရုတ်) ၃၅ဝဝဝ တီဆူပါ 10:10:5 (တရုတ်) ၁၃၇ဝဝ ပိုတက်(တရုတ်) ၁၉၇ဝဝ ဓာတ်ဆား (တရုတ်) ၁၃ဝဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၁၅ဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၁ဝဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၁ဝဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၄ဝ၅ဝဝMIRT (MAPT)
Background