Main menu

Background

နို့ဆီအဝင်အားလျော့

Mon, 12/27/2010 - 11:36 -- Anonymous (not verified)

နို့ဆီအဝင်အားလျော့             ပြည်တွင်းကို ပင်လယ်ရေကြောင်း လမ်းကနေ ဒီဇင်ဘာ ၁၃ ရက်မှ ၁၉ ရက်တာ ကာလအတွင်း နို့ဆီတန်ချိန် ၄၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃၆၃၂ဝဖိုးကို တင်သွင်းခဲ့ပါတယ်။ တင်သွင်းလာတဲ့ ကုန်သွယ်ဘက်နိုင်ငံက တော့ ဖောက်သည် စင်ကာပူနိုင်ငံပဲဖြစ်ပါတယ်။             ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်မှာတော့ နို့ဆီကို သွင်းအားကောင်းကောင်းနဲ့ တင်သွင်းခဲ့ပြီး ယခုတစ်ပတ်မှာတော့ အသွင်းလျော့နည်းခဲ့တာ တွေ့ရပါတယ်။             နို့စိမ်းက နှစ်ပတ်ဆက်တိုက် အဝင် မရှိခဲ့ပါဘူး။ နို့မှုန့်အဝင်အနေနဲ့ နယူးဇီလန်နိုင်ငံမှ နို့မှုန့်တန်ချိန် ၁၂ တန်သာ တင်သွင်းလာခဲ့တာ တွေ့ရပါတယ်။                                                                              MIRT (DOT) ဒီတစ်ပတ်နယ်စပ်က နို့မှုန့်ပဲ အသွင်းရှိ              ယခုအပတ်မှာ မူဆယ်နယ်စပ်မှ နို့မှုန့် ၄၂တန်ခန့် တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က နို့မှုန့် တင်သွင်းနိုင်ခဲ့ ခြင်းမရှိဘဲ ယခုအပတ်မှာတော့ တင်သွင်းမှုရှိခဲ့တာ ဖြစ်ပါတယ်။ နို့မှုန့် များဟာ လိပ်ပြာနှစ်ကောင် တံဆိပ်ဖြစ်ပြီး ၅ဝဝ ဂရမ်ပါ အထုပ် ကြီးနဲ့ ၄ဝဝ ဂရမ်ပါ အထုပ်ကြီး ၂ မျိုး တင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။             ကော့သောင်းနယ်စပ်က တင်သွင်း နေကျ နို့ဆီ၊ နို့စိမ်းများ ယခုအပတ်မှာ တော့ တင်သွင်းမှုမရှိဘူးလို့ သိရပါ တယ်။MIRT (DOT)