လာမယ့်သီတင်းပတ်မှာ စားအုန်းဆီများ ထပ်မံမြင့်တက်နိုင် မလေးရှား စားအုန်းဆီကြမ်းဈေးဟာ ယခုနှစ်အမြင့်ဈေးဖြစ်တဲ့ တစ်တန် ကို ရူပီး ၃၇၆၆ (ကန်ဒေါ်လာ ၁၂၁၆) ထက်ပိုပြီး လာမယ့်သီတင်းပတ်မှာ မြင့်တက် လာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ နှစ်ကုန်ပိုင်းမှာ တစ်တန်ကို ရင်းဂစ် ၃၇ဝဝ- ၃၈ဝဝ (ကန်ဒေါ်လာ ၁၁၉၅-၁၂၂၇) ရှိလာနိုင်တယ်လို့ စားအုန်းဆီလုပ်ငန်း အကြံပေး M. R Chandran က ပြောကြားပါတယ်။ စားအုန်းဆီအဓိကစိုက်ပျိုးတဲ့ ဲJohor, Sabah ဒေသတွေမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ယခုနှစ် ၂ဝ၁ဝ အတွင်း စားအုန်းဆီကြမ်း ပျမ်းမျှဈေးဟာ တစ်တန်ကို ရင်းဂစ် ၂၆ဝဝ နဲ့ ၂၆၅ဝ (ကန်ဒေါ်လာ ၈၃၉-၈၅၆) တွင်းမှာ ရှိခဲ့ပေမဲ့ လွန်ခဲ့တဲ့ ၄ လ အတွင်းမှာတော့ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ ကွာလာလမ်ပူမှာ ယခုနှစ် လက်ရှိအချိန်ထိစားအုန်းဆီကြမ်းဈေးဟာ ရင်းဂစ် ၃၇၆၆ (ကန်ဒေါ်လာ ၁၂၁၆) ကို ၃၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး မတ်လပို့ရမယ့် စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေး ဟာလည်း ၁ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ပြီး ရင်းဂစ် ၃၆၅၈ (ကန်ဒေါ်လာ ၁၁၇၅) ကို ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဓိကတော့ လာမယ့်နှစ် စားအုန်းဆီကြမ်း ထုတ်လုပ်ရောင်းချမှု ငြိမ်နေပေမဲ့ ဝယ်လိုအား ကောင်းမယ့်အလားအလာ တွေကြောင့် မြင့်တက်လာနိုင်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ လာမယ့်နှစ်မှာ စားအုန်းဆီကြမ်းထုတ်လုပ်မှု တန်ချိန် ၂ သန်း၊ ၃ သန်းပိုလာနိုင်ပေမဲ့ တရုတ်နဲ့ အိန္ဒိယအပြင် အခြားဖွံ့ဖြိုးဆဲနိုင်ငံများက ဝယ်လိုအား ပိုမိုကောင်းမွန်ခြင်းကို ဖြည့်ဆည်းပေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မုန်ညှင်းစေ့နဲ့ နေကြာစေ့လို အခြားဆီထွက်သီးနံှထုတ်လုပ်မှု ကျဆင်းနိုင်ခြင်းက လည်း စားအုန်းဆီဈေးကို မြင့်တက်စေနိုင်တယ်လို့ ဆိုပါတယ်။ ယုဇန၊Sources: palmoilhq.com
Background