နှမ်းတန် ၁ဝဝဝ ကျော်ဆက်လက်အပို့ရှိ ပင်လယ်ရေကြောင်းမှ နှမ်းတင်ပို့မှုအနေနဲ့ ဒီဇင်ဘာလ တတိယပတ်မှာ တန်ချိန် ၁၁ဝဝ ကျော်ရှိပြီး၊ ဒုတိယပတ်မှာ တန် ၂ဝဝဝ နီးပါးတင်ပို့မှုရှိခဲ့တယ်လို့ သိရပါတယ်။ ပြည်တွင်းဈေးကွက်တွေကို နှမ်းအသစ် တော်တော်များများ ဝင်ရောက်လာနေပြီဖြစ်ပြီး ပြည်တွင်းအဝယ်ရှိနေတာကြောင့် ဈေးအနည်းငယ် တက်လာတယ်လို့ သိရပါတယ်။ ယခုတစ်ပတ် နှမ်းတင်ပို့တဲ့ နိုင်ငံတွေကတော့ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ မလေးရှားနဲ့ စင်ကာပူဖြစ်ပြီး အများဆုံး ပမာဏ ကိုတော့ ဂျပန်ကို တင်ပို့တာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပြောင်းလဲမှု မရှိဘဲ သိပ္ပံနှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၅ဝဝ-၁၈ဝဝ၊ နှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၄၅ဝ-၁၅ဝဝ နဲ့ နှမ်းဖြူတစ်တန်ကို ကန်ဒေါ်လာ ၁၃ဝဝ-၁၃၅ဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
Background