ပဲခူးတိုင်းဒေသကြီးအနောက်တွင် ဆောင်းနေကြာများ စိုက်ပျိုးလျက်ရှိ ပဲခူးတိုင်းဒေသကြီးအနောက်တွင် ဆောင်းနေကြာများကို စိုက်ပျိုးလျက် ရှိပါတယ်။ ပြည်တွင်းဆီဖူလုံမှုနဲ့ ပြည်ပဆီတင်သွင်းမှု လျော့နည်းစေရန် နိုင်ငံတော်မှ ဆီထွက်သီးနံှများစိုက်ပျိုးရန် လမ်းညွှန်ထားပြီးဖြစ်ပါတယ်။ ကြို့ပင် ကောက်မြို့နယ်တွင် ဆောင်းနေကြာသီးညှပ်အဖြစ်စိုက်ပျိုးရန်အတွက် မတ်ပဲစိုက် တောင်သူများကို နေကြာမျိုးတစ်ဧကလျှင် ၂ ပြည်နှုန်းဖြင့် မျိုးနေကြာများ ထုတ်ပေး ပြီး ဖြစ်ပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်တွင် ဆောင်းနေကြာလျာထားဧက ၁ ဒသမ ၆ဝ သိန်းတွင် သီးသန့်ဧက ၁၅ဝဝ ခန့်နဲ့ သီးညှပ်ဧက ၁ ဒသမ ၅၉ သိန်းဧက လျာထားလျက်ရှိပါတယ်။ ခုချိန်တွင် ဆောင်းနေကြာဧက လေးသောင်းနီးပါး စိုက်ပိုျးပြီး လျက်ရှိပါတယ်။ အများဆုံးစိုက်ပျိုးပြီးမြို့နယ်များမှာ မင်းလှ၊ သာယာဝတီနဲ့ ကြို့ပင် ကောက်မြို့နယ်တို့ ဖြစ်ပါတယ်။ နေကြာဈေးမှာ တစ်ပြည်လျှင် ၁၅ဝဝ ကျပ်ဈေး ရှိကြောင်း သိရပါတယ်။ ဝင်းဝင်းခိုင်
Background