ဈေးငြိမ်ပြီးအရောင်းအဝယ်ဖြစ်တဲ့ ပြည်မြေပဲဆံ ပြည်ဈေးကွက်သို့ မြေပဲဆံများကို မကွေးတိုင်းဒေသကြီး အောင်လံနဲ့ ပြည်-အောင်လံကြား ရွာများမှ တစ်နေ့ကို အိတ် ၅ဝဝ ခန့်ဝင်ရောက်လျက် ရှိပါတယ်။ ပြည်မြို့တွင် ဆီစက်သမားများမှ ဆီကြိတ်ဆံများကို အဝယ်ရှိသဖြင့် တစ်နေ့ ကို အိတ် ၁ဝဝဝ ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဒီဇင်ဘာလဆန်းမှ ခုချိန် ထိ ရန်ကုန်မြို့သို့ အိတ် ၁၂ဝဝ ခန့်တင်ပို့နိုင်ခဲ့ပါတယ်။ မြေပဲဆီဆံဈေးမှာ တစ်ပိဿာကို ၁၅ဝဝ ကျပ်နဲ့ လုံးဆံ တစ်ပိဿာ ကို ၁၆ဝဝ ကျပ်ဈေးဖြင့် ပြည်ဈေးကွက် တွင် ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ ဝေဝေမင်း
Background