Main menu

Background

ပုံမှန်ရောင်းဝယ်နေတဲ့ စစ်ကိုင်းမြေပဲ

Tue, 12/28/2010 - 06:02 -- Anonymous (not verified)

ပုံမှန်ရောင်းဝယ်နေတဲ့ စစ်ကိုင်းမြေပဲ            မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁ဝ ခု ဒီဇင်ဘာလအတွင်း မြေပဲတစ်ပိဿာ အနိမ့်ဈေးများမှာ မြေပဲဆံနီ ၁၇၇၅ ကျပ်၊ ၁၈ဝဝ ကျပ်၊ မြေပဲဆံဖြူ ၁၆ဝဝ ကျပ်၊ ၁၇၆ဝ ကျပ်၊ မြေပဲလုံးဆံ ၂ဝ၃၆ ကျပ်၊ ၂၁၄၃ ကျပ် ဈေးအသီးသီးနဲ့ အရောင်း အဝယ် ဖြစ်လျက်ရှိပါတယ်။ ယခင်နှစ် ကာလတူဈေးများမှာ မြေပဲဆံနီ ၁၅ဝဝ ကျပ်၊ ၁၆ဝဝ ကျပ်၊ မြေပဲဆံဖြူ ၁၃၅ဝ ကျပ်၊ ၁၅ဝဝ ကျပ်၊ မြေပဲလုံးဆံ ၁၈၅၇ ကျပ်၊ ၁၉၂၅ ကျပ်ဈေးဖြစ်ခဲ့ပါတယ်။ ဘုတလင်၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ချောင်းဦး၊ မြောင်မြို့နယ် များမှ မြေပဲများ မုံရွာမြို့သို့ ဝင်ရောက်လျက်ရှိပါတယ်။ ယခုလ အတွင်း စစ်ကိုင်းတိုင်း ဒေသကြီးမှ မန္တလေးမြို့သို့ မြေပဲလုံးဆံတင်း ၄ဝဝ ကျော်၊ ရန်ကုန်မြို့သို့ တင်း ၃ဝဝ ကျော် စီးထွက်ခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ မြေပဲလုံး ဆံတစ်ရက်လျှင် ပျမ်းမျှ တင်း ၁ဝဝ ကျော် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ မြေပဲဆီ ပေါက်ဈေး တစ်ပိဿာ လက်ကား ၃၁၅ဝ ကျပ်၊ လက်လီ ၃၃ဝဝ ကျပ်ဈေးရှိကြောင်း သိရပါတယ်။                                                                                    သန်းးသန်းးတင်