Main menu

Background

တရုတ်နိုင်ငံဝယ်လိုအားကြောင့် ၂ဝ၁၁ကမ္ဘာ့ပဲပုပ်စေ့နှင့် ပြောင်းဈေးနှုန်း မြင့်တက်နိုင်

Tue, 12/28/2010 - 06:05 -- Anonymous (not verified)

 တရုတ်နိုင်ငံဝယ်လိုအားကြောင့် ၂ဝ၁၁ကမ္ဘာ့ပဲပုပ်စေ့နှင့် ပြောင်းဈေးနှုန်း မြင့်တက်နိုင်           ကမ္ဘာတွင် အမေရိကန်ပြီးလျှင် ပြောင်းနှင့် ပဲပုပ်စေ့အများဆုံး တင်ပို့ ရောင်းချသော ဘရာဇီးနိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံတို့၌ ပူပြင်း ခြောက်သွေ့သော ရာသီဥတုအခြေအနေနှင့် ရင်ဆိုင်နေရ၍ သီးနံှအထွက်နှုန်းများ အပေါ် စိုးရိမ်ကြောင့်ကျလျက်ရှိနေသည်။ ကမ္ဘာ တတိယအများဆုံး ပဲပုပ်စေ့ ရောင်းချသည့် အာဂျင်တီးနား သည် ၂ဝဝ၉ခုနှစ်တွင် ပဲပုပ်စေ့ စိုက်ပျိုးမှု ၈၅.၇ ရာခိုင်နှုန်း ရှိခဲ့ သော်လည်း ၂ဝ၁ဝ ခုနှစ်တွင် မိုးနည်း ခဲ့၍ ၇၄.၇ ရာခိုင်နှုန်းသာ စိုက်ပျိုးခဲ့ ရာ စိုက်ပျိုးဟက်တာ ၁၈.၅သန်း၊ ဧက ၄၅.၇သန်းဖြစ်ပြီး ၂ဝဝ၉ခုနှစ် စိုက်ပျိုးမှု သည် ၁၉ သန်း ဟက်တာ ရှိခဲ့သည်။ တောင်ပိုင်း ဘရာဇီး နိုင်ငံ၏ ပဲပုပ် စေ့ အထွက်နှုန်းသည် လာနီညာ ရာသီဥတုကြောင့် လာမည့်နှစ် ၂ဝ၁၁ တွင် ပူပြင်းခြောက်သွေ့မည် ဖြစ်၍ အထွက်နှုန်း ၂ဝရာခိုင်နှုန်း ကျဆင်း မည်ဟု ခန့်မှန်းထားသည်။               အကယ်၍ အာဂျင်တီးနားသည် လာမည့်နှစ်တွင် မိုးနည်းမည်ဆိုပါက တရုတ်နိုင်ငံ၏ဝယ်လိုအား မြင့်မှုကြောင့် ကမ္ဘာ့ပြောင်းနှင့် ပဲပုပ်စေ့ ဈေးနှုန်း များသည် လောင်နေသော မီးအပေါ် ဓါတ်ဆီ လောင်းသကဲ့သို့ ဈေးနှုန်းထိုး တက်လာမည်ဟု ခန့်မှန်းထားသည်။               ၂ဝ၁၁ခုနှစ်၊ မတ်လ သင်္ဘောတင် ပြောင်း ဈေးနှုန်းသည် ချီကာဂို ဈေးကွက် တွင် ၅ ဆင့် ဝ.၈ရာခိုင်နှုန်း မြင့်လာ၍ တစ်ဘူရှယ်လျှင် အမေရိကန် ဒေါ်လာ ၆.၁၄ ဖြစ်ခဲ့သည်။ နိုဝင်ဘာလ ၉ ရက်နေ့နောက်ပိုင်း ပြောင်း ဈေးနှုန်းသည် တစ်ဘူရှယ်လျှင် အမေရိကန် ဒေါ်လာ ၆.၁၄၇၅ ဖြစ်ခဲ့ပြီး ယခုရက်သတ္တပတ်တွင် ကြိုပွိုင့် ဈေးနှုန်း ၂.၉ရာခိုင်နှုန်း မြင့်ခဲ့သည်။ ကမ္ဘာ့ ပြောင်းအများဆုံး ထွက်ရှိ သည့် အမေရိကန်နိုင်ငံ၏ ၂ဝဝ၉ ခုနှစ် ပြောင်းတင်ပို့မှုမှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၈၄.၆ ဘီလီယံရရှိခဲ့ပြီး ပဲပုပ်စေ့မှ ဝင်ငွေသည် အမေရိကန် ဒေါ်လာ ၃၁.၈ ဘီလီယံဖြစ်ကြောင်း သိရှိရသည်။                                                                                                                                                   Source:Bloomberg.com SSYှ့