ဒီဇင်ဘာလ ၁၁ရက်မှာကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း အိန္ဒိယ နိုင်ငံရဲ့ စားနပ်ရိက္ခာဈေးနှုန်း ဖောင်းပွမှုဟာ ၁၂ ဒသမ ၁၃ ရာခိုင်နှုန်း ကို မြင့်တက်လာခဲ့လို့ ယခင်သီတင်းပတ်မှာရှိခဲ့တဲ့ ၉ ဒသမ ၄၆ ရာခိုင်နှုန်းထက် ပိုမိုလာခဲ့ပါတယ်။ အဓိကတော့ ဟင်းသီးဟင်းရွက်၊ ငါး၊ ဟင်းခတ်အမွှေးအကြိုင်၊ ဘာလီ၊ ဆန်၊ မတ်ပဲနဲ့ ပြောင်းဈေးနှုန်း တွေ မြင့်တက်လာတာကြောင့်လို့ ဆိုပါတယ်။ ဒါပေမဲ့ ပဲနီလေးနဲ့ ပဲတီစိမ်းဈေးကတော့ ၁ ရာခိုင်နှုန်းစီ ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲဈေး အဆင်းဘက်ကို ဦးတည်နေဆဲ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ မတ်ပဲဈေးက အဆင်း ဘက်ကို ဦးတည်နေဆဲဖြစ်တာ တွေ့ရပါတယ်။ ပြည်တွင်းဈေးကွက် တွေမှာ ပဲရရှိနေခြင်းနဲ့ အရောင်းအဝယ် ထိုင်းနေခြင်းတို့ကြောင့် ဈေးဆင်းနေတာဖြစ်ပါတယ်။ အတ္တရာပရာဒေ့ရှ်မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့ထိ မတ်ပဲစိုက်ပျိုးမှုဟာ ယခင်နှစ်ထက် ၁၁ ရာခိုင်နှုန်းဝန်း ကျင်တိုးတက်နေတဲ့အပြင်ပြည်တွင်းလက်ကျန်က ပဲအသစ်ဝင်ရောက် ချိန်ထိ လုံလောက်ဦးမယ်လို့ခန့်မှန်းထားပါတယ်။ ပြည်တွင်းလက်ကျန် ပဲများအနေနဲ့ အရည်အသွေးနိမ့်ပဲ များနေတဲ့အတွက် အချို့ဝယ်လက်များက အရည်အသွေးကောင်း ပဲများအဝယ်သွက်နေခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ်ဇယား-၁ ဒေါ်လာ/တန်ဈေးကွက် ၂၃ .၁၂ .၁ဝ ၂၂ .၁၂ .၁ဝ ၂၁ .၁၂ .၁ဝ ၂ဝ .၁၂ .၁ဝမွန်ဘိုင်း ၈ဝ၂ ၈ဝဝ ၈၁၂ ၇၉၉ဒေလီ - ၈၂ဝ ၈၁၇ ၈၁၅ချန်နိုင်း ၈၅၅-၁ဝ၇၇ ၈၅၃-၁ဝ၇၅ ၈၅၁-၁ဝ၈၃ ၈၈၁-၁၁ဝ၂
Background