ပဲစင်း ငုံဈေး ဆက်လက်ဆင်းနေဆဲ အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ဒီတစ်ပတ်မှာလည်း ပဲစင်းငုံ ဈေး ဆက်လက်ဆင်းနေဆဲဖြစ်တာ တွေ့ရပါတယ်။ ယခုနှစ်အတွင်း ပဲစင်းငုံ ပိုထွက်မယ့်ခန့်မှန်းချက်တွေကြောင့် ဝယ်လက်တွေက ဈေးမြင့််ပေးဝယ်ခြင်းမရှိဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ပဲအသစ်တွေ ဝင်ရောက်နေတာရယ်၊ ဝင်လာတဲ့ ပဲအသစ်တွေမှာလည်း ပုံမှန်ထက် အစိုဓါတ်ပါဝင်မှု မြင့်နေကြတာကြောင့် ကာလတိုအတွင်း ဈေးထပ် ကျဦးးမယ်လို့ ဈေးကွက်က ယုံကြည်နေကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း လက်ရှိပြည်တွင်းဈေးက အနိမ့်ဆုံး ထောက်ပံ့ဈေးထက် အောက်ရောက်နေတဲ့အတွက်မကြာခင်ဈေးမြင့်လာနိုင်တယ်လို့ အချို့ ကုန်သည်တွေကခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ် အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြ ထားပါတယ် -ဇယား-၄ ဒေါ်လာ/တန် ဈေးကွက် ၂၃ .၁၂ .၁ဝ ၂၂ .၁၂ .၁ဝ ၂၁ .၁၂ .၁ဝ ၂ဝ .၁၂ .၁ဝမွန်ဘိုင်း(မြန်မာပဲစင်းငုံ) ၆၂၂-၆၂၇ ၆၃၂ ၆၄၁ ၆၃၄ဒေလီ(မြန်မာပဲစင်းငုံ) - ၆၃၂ ၆၃ဝ ၆၂၈ချန်နိုင်း(မြန်မာပဲစင်းငုံ) ၆၅၅-၆၆၁ ၆၅၄ ၆၆၈ ၆၆၇Source: agriwatch.com , MIRT (Yangon)
Background