Main menu

Background

်ပဲတီစိမ်း ဈေး ဆက်လက်တည်ငြိမ်

Tue, 12/28/2010 - 06:49 -- Anonymous (not verified)

ပဲတီစိမ်း ဈေး ဆက်လက်တည်ငြိမ်             အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲတီစိမ်းဈေးက ဆက်လက် တည်ငြိမ်နေပါတယ်။ မဟာရပ်ရှတရာက ပဲဝင်ရောက်မှု ရပ်တန့်သွားပြီဖြစ်ပြီး ဒေစီပဲတီစိမ်းကို အဝယ်ပုံမှန်ရှိနေတာကြောင့် ပြည်တွင်း ပဲဈေးမကျဘဲ ငြိမ်နေခြင်းဖြစ်ပါတယ်။ အဓိက လက်ငင်းဈေးကွက် တွေမှာ အရည်အသွေးကောင်းပဲများ ဝယ်လိုအား ကောင်းနေတဲ့ အပြင် နိုင်ငံတကာ ဈေးကွက်မှာလည်း ပဲတီစိမ်းကို ဝယ်လိုအား ကောင်းနေတဲ့အတွက် တင်သွင်းပဲဈေး မြင့်တက်နေခြင်းကလည်း အိန္ဒိယပြည်တွင်းဈေးကို အထောက်အပံ့ ဖြစ်စေပါတယ်။ လာမယ့် ရက်တွေမှာလည်း လက်ရှိဈေးဝန်းကျင်မှာ တည်ငြိမ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ် ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ်ဇယား-၃                                                                                                    ဒေါ်လာ/တန်ဈေးကွက်                   ၂၃ .၁၂ .၁ဝ                  ၂၂ .၁၂ .၁ဝ             ၂၁ .၁၂ .၁ဝ          ၂ဝ .၁၂ .၁ဝမွန်ဘိုင်း(ပဲတီရွှေဝါ)       ၁၄၄၄-၁၄၆၆                      ၁၄၅၁                     ၁၄၅၈                 ၁၄၅၄ချန်နိုင်း(ပဲတီရွှေဝါ)           ၁ဝ၂၂                           ၁ဝ၁၉                      ၁ဝ၁၆                 ၁ဝ၁၄ဒေလီ                          ၁ဝ၆၆                           ၁ဝ၆၄                      ၁ဝ၆၁                 ၁ဝ၅၈