Main menu

Background

ဈေးကွက်များကို ကုလားပဲအဝင်နည်းလို့ ဈေးမြင့်တက်ဖွယ်ရှိ

Sun, 01/02/2011 - 05:32 -- Anonymous (not verified)

ဈေးကွက်များကို ကုလားပဲအဝင်နည်းလို့ ဈေးမြင့်တက်ဖွယ်ရှိ                  အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ကုလားပဲအထွက်ပိုမယ့် မျှော်လင့်ချက်တွေက ဈေးကျဆင်းဖို့ ဖိအားဖြစ်စေပေမဲ့ လတ်တလောဈေးကွက်တွေကို ပဲအဝင် လျော့ကျလာတာကြောင့် ဈေးအနည်းငယ်ပြန်မြင့်တက်လာပါတယ်။ ပဲစိုက် ပျိုး ဧရိယာမြင့်တက်ခြင်းနဲ့ ပဲအထွက်ပိုမယ့် မျှော်လင့်ချက်တွေ ရှိပေမဲ့ ကုလားပဲ ကုန်သည်များဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း သိသိသာသာကျဆင်းခဲ့တဲ့ ဈေးနိမ့်နဲ့ အဝယ်တက်လာခဲ့တယ်လို့ ဆိုပါတယ်။                   ပဲအများဆုံးစိုက်ပျိုးတဲ့ အတ္တရာပရာဒေ့ရှ်၊ ရာဂျက်စသန်၊ မဒ္ဒရာပရာ ဒေ့ရှ်၊ မဟာရှတရာနဲ့ ကာနာတာကာတို့မှာ မိုးရွာသွန်းနေခြင်းက မြေဆီလွှာ အစိုဓါတ်တိုးတက်စေပြီး စိုက်ပျိုးမှုကို ပိုမိုကောင်းမွန်စေပါတယ်။ ဒါပေမဲ့ စိုက်ပျိုးမှု ကတော့ အနည်းငယ် နှေးကွေးနေတယ်လို့ သိရပါတယ်။                                      ယမင်းခင်၊ ှSource: Business standard